Home
မြန်မာသတင်း
နှစ်သစ်အကြိုစစ်ဆင်ရေးအဖြစ် ရေးမြို့နယ်ရှိ တပ်ရင်း ၂ ရင်းကိုတော်လှန်ရေးအဖွဲ့များ တိုက်ခိုက်
DVB
·
January 1, 2024
Yae 112024

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ခမရ ၅၉၁ နဲ့ ၅၈၃ တို့ကို ဒီဇင်ဘာ ၃၁ ရက် မနက် ၅ နာရီ ၄၅ မိနစ်က မွန်ပြည်တော်လှန်ရေး MSRF နဲ့ မဟာမိတ်တပ်တွေပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ မဟာမိတ်ပူးပေါင်းတပ် တာဝန်ရှိသူက ပြောပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် - MSRF ၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် - YGF၊ ABSDF တပ်ရင်း (၁)၊ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း (MSRO) ၊ Ye Air Force - YAF  မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့မှ လက်နက်ကြီး၊ RPG ၊ ၆၀ မမ ၊ ဒရုန်း လက်နက်ငယ်တို့နဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့ MSRF ကတာဝန်ရှိသူတဦးက "ကျောင်းရွာစစ်တပ်ဘက်က ကြိုတင် သတင်းရတာမို့ မနေ့ညကတည်းက စစ်တပ်ကနေ လက်နက်ကြီးတွေ ပစ်နေတာ ကျောင်းရွာတပ်ကို ဒီမနက် ၅ နာရီခွဲကျော်မှ တပ်ရင်းရဲ့ နေရာနဲ့ကင်းစခန်းတွေကို ဝင်ပစ်တာပါ။ တပ်ကို ဝင်သိမ်းတာမျိုးတော့ အစီစဥ်မရှိသေးဘူး။ စကစဘက်ကအထိကျတော့ရှိတယ်"လို့ ပြောပါတယ်။

တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေ လာရောက်တိုက်ခိုက်ပြီးနောက်မှာ ခမရ (၅၉၁) နဲ့ ခမရ (၅၈၃) တို့မှ ကျောင်းရွာ၊ အိုင်ရှည်နဲ့ ကမ်းနီရွာအနီးသို့ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းဘက်က ဆိုပါတယ်။

ကျောင်းရွာဒေသခံတဦးက "ဘုန်းကြီး ကျောင်းမှာ နေတယ်။ ရွာတဝက်လောက်က ပြေးကုန်ပြီ။ နှစ်ရာကျော်မယ်။ မနေ့ညက ၈ နာရီကနေ စတင်ပြီး ဒီဇင်ဘာ ၃၁ ရက်ညနေ ၃နာရီအထိ ပစ်နေကြတာ အပြန်လှန်ပါ။ ပစ်တာ နားလိုက်ပစ်လိုက်ပဲ”လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ်အတွင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်မှု အကြိမ်ကြိမ် လုပ်ဆောင်နိုင်ခဲ့ပြီး၊ လာမယ့်နှစ်သစ်မှာလည်း စစ်ဆင်ရေးအရှိန်မြှင့်တင်သွားမယ်လို့ မဟာမိတ်ပူးပေါင်းဘက်က သတင်းထုတ်ပြန်ထား ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024