Home
မြန်မာသတင်း
ချင်းပြည်နယ်က မြို့နယ် ၄ ခု ကိုယ်စားပြုပြီး ချင်းညီနောင်အဖွဲ့ ဖွဲ့စည်း
DVB
·
December 31, 2023
Chin Federal Union_31122023

ချင်းပြည်နယ်မှာ ချင်းပြည်နဲ့ ချင်းအမျိုးသားအရေး နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ “ချင်းညီနောင်”အဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ အဲဒီအဖွဲ့က ဒီဇင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ချင်းညီနောင်အဖွဲ့မှာ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/ PDF-Zoland)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF)၊ ချင်းအမျိုးသားကောင်စီ-မင်းတပ် (CNC-Mindat/CDF-Mindat) တို့ ပါဝင်တယ်လို့ သိရပါတယ်။

“စစ်ရေး နိုင်ငံရေးမှာ ယခင်ကလို စာရွက်ပေါ်မှာစုဖွဲ့ပြီး ပူးပေါင်းတဲ့ပုံစံ မဟုတ်ဘဲနဲ့ မြေပြင်မှာ နိုင်ငံရေးမှာ ကျောချင်းကပ်ပြီးတော့ ရပ်တည်ဖို့ ရည်ရွယ်ထားတာပါ။ အထူးသဖြင့် ချင်းအမျိုးသားရေးနဲ့ နိုင်ငံပြန်လည်ထူထောင်ရေး ပူးပေါင်းဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်” လို့ PDF Zoland ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

PDF Zoland က တီးတိန်မြို့နယ်နဲ့ တွန်းဇံမြို့နယ်၊ CNDF က ဖလမ်းမြို့နယ်နဲ့ CDF-Mindatက မင်းတပ်မြို့နယ်တို့မှာ အဓိကစစ်ရေးလှုပ်ရှားနေကြပြီး အခုစုဖွဲ့မှုဟာ ချင်းပြည်နယ်မြို့နယ် ၉ မြို့နယ်ရှိတဲ့အနက် ၄ မြို့နယ်ရဲ့ ဖွဲ့စည်းမှုကို ကိုယ်စားပြုတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ချင်းညီနောင် ၃ ဖွဲ့ရဲ့ ဘုံသဘောတူညီချက်နဲ့ ကိုက်ညီသော အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေနဲ့ ချင်းပြည်နယ်အရေး၊ ချင်းတမျိုးသားလုံးအရေးနဲ့ ပြည်ထောင်စုအရေး ကိစ္စတွေမှာ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024