ချဲလ်ဆီးအသင်းအနေနဲ့ ရာသီကုန်မှာ ဥရောပပြိုင်ပွဲတွေမှာ ဝင်ခွင့်ရဖို့ယုံကြည်ကြောင်း နည်းပြ ပိုချက်တီနိုက ပြောသွားပါတယ်။
ချဲလ်ဆီးဟာ မနေ့ညက ပွဲစဉ်မှာ လူတန်တောင်းအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာပါ။
ဥရောပဝင်ခွင့်ရရှိနိုင်မယ့်နေရာက အသင်းတွေနဲ့ ၈ မှတ်လောက် ကွာဟနေပေမဲ့ ရာသီကုန်ချိန်မှာ ဝင်ခွင့်ရရှိမယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ အဆင့် ၁၀ ရောက်နေပေမဲ့ အခိုက်အတန့်တစ်ခုသာဖြစ်ပြီး ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ယုံကြည်တာကြောင့် ဥရောပဝင်ခွင့် ရရှိနိုင်ကြောင်း ပိုချက်တီနိုက ပြောပါတယ်။
ကစားသမားတွေ ဒဏ်ရာပြဿနာတွေရှိနေလို့သာ ရလဒ်သိပ်မကောင်းသေးတာဖြစ်ပြီး လူစုံတက်စုံ ပြန်လည်ကစားနိုင်မယ်ဆိုရင် နိုင်ပွဲတွေ ထပ်မံရယူနိုင်ကြောင်း နည်းပြပိုချက်တီနိုက ပြောသွားပါတယ်။
Photo-Reuters/Matthew Childs