Home
မြန်မာသတင်း
ရမ်းဗြဲနှင့် ပေါက်တောတွင် စစ်တပ် လက်နက်ကြီးကြောင့် နေအိမ်အချို့ မီးလောင်
DVB
·
December 31, 2023
YanByal Missile victims Home_31122023

ရခိုင်ပြည်နယ်၊ ရမ်းဗြဲနဲ့ ပေါက်တောမြို့တွေကို ဒီဇင်ဘာ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တချို့ မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရမ်းဗြဲမြို့ အမှတ် ၅ လောင်းချောင်းရပ်ကွက်ကို ဒီဇင်ဘာ ၃၀ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ သိမ်တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တွေမှာ ကျရောက်ပေါက်ကွဲကာ မီးလောင်ကျွမ်းခဲ့တယ်လို့ ရမ်းဗြဲမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ရမ်းဗြဲမြို့မှာ ဒီဇင်ဘာ ၁၈ ရက် မနက်က ရက္ခိုင့်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး တိုက်ခိုက်တာကြောင့် ပြည်သူတွေအားလုံး ဘေးလွတ်ရာကို ထွက်ပြေးနေရတကြောင့် မီးငြှိမ်းသတ်မယ့်သူလည်း မရှိဘူးလို့ ဆိုပါတယ်။

ပေါက်တောမြို့ကိုလည်း ဒီဇင်ဘာ ၃၀ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်လောက်မှာ ပေါက်တောမြစ်အတွင်း ရေတပ်စစ်သင်္ဘာ ၃ စင်းက လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့တာကြောင့် မြို့ပေါ်ရပ်ကွက်တွေမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ပေါက်တောမြို့ ဒေသခံတယောက်က ပြောပါတယ်။

လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် ပေါက်တောမြို့ ဘဝမ်းရပ်ကွက်နဲ့ ရပ်ကွက် ၂ က နေအိမ်တွေ မီးလောင်ကျွမ်းနေတာကို အဝေးကနေ မီးခိုးလုံးတွေ လှမ်းမြင်နေရတယ်လို့ ဆိုပါတယ်။

ပေါက်တောမြို့ကို ဒီဇင်ဘာ ၂၁ ရက်နေ့မှာလည်း ရေတပ် သင်္ဘာ ၄ စင်းက အတွဲလိုက်ဒုံးတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်အများအပြား မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024