အခုနှစ်ရာသီမကုန်ခင်မှာ မန်ယူအသင်းက နည်းပြအပြောင်းအလဲ လုပ်လိမ့်မယ်လို့ အင်္ဂလန် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က သုံးသပ်ပြောသွားပါတယ်။
မနေ့ညက နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ပွဲစဉ်မှာ မန်ယူအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့စွမ်းဆောင်ရည်ဟာ ပရီးမီးယားလိဂ်မှာ အညံ့ဖျင်းဆုံးအသင်း ဖြစ်ကြောင်း နဗီးလ်ကစကိုင်းစပေါ့ကနေ ဝေဖန်ပါတယ်။
နည်းပြတန်ဟတ်ဂ်ဟာ ဖိအားတွေအောက်ကို ရောက်ရှိနေပြီး စွမ်းဆောင်ရည်အရလည်း အလွန်အားနည်းခဲ့ကြောင်း၊ မန်ယူအသင်း စီမံခန့်ခွဲမှုအဖွဲ့သစ်အနေနဲ့ ရာသီမကုန်ခင်မှာ နည်းပြ အပြောင်းအလဲလုပ်မယ်ဆိုတာ သံသယဖြစ်စရာမရှိကြောင်း နဗီးလ်က ပြောပါတယ်။
စီမံခန့်ခွဲမှုအသစ်အဖွဲ့ လက်ထက်မှာ လက်ရှိ အချိန်အထိ အားကစားဒါရိုက်တာ၊ စီအီးအိုနဲ့ ကစားသမားအပြောင်းအရွှေ့အကြီးအကဲ ရာထူးတွ မရှိသေးတာကိုလည်း နဗီးလ်က ဝေဖန်သွားပါတယ်။
Photo-Reuters