ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးဟာ နိုင်ငံအရှေ့ပိုင်းရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အာ့ဗ်ဒီးဗ်ကာမြို့ကို သွားရောက်ခဲ့ကြောင်း ဒီဇင်ဘာ ၂၉ ရက်မှာ ပြောကြားလိုက်ပြီး ရုရှားတပ်တွေက ရှေ့တန်းမှာ အပြင်းထန်ဆုံး တိုက်ပွဲတချို့နဲ့ မြို့ကို ဝိုင်းပိတ်ထားနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
သမ္မတ ဇလန်းစကီးဟာ သူအာ့ဗ်ဒီးဗ်ကာမြို့ကို ရောက်ရှိနေကြောင်း ဗီဒီယိုမက်ဆေ့ချ်နဲ့ ယူကရိန်းပြည်သူတွေကို စိတ်တက်ကြွအောင် ခွန်အားပေးခဲ့ပါတယ်။
“ယူကရိန်းနိုင်ငံသားတွေ ကျန်းမာပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း ပြည်သူ့သားကောင်းတွေက ယူကရိန်းပြည်သူတရပ်လုံးကို ကာကွယ်ပေးဖို့ ယူကရိန်းရှေ့တန်းရှိ နေရာတိုင်းမှာ တိုက်ပွဲဝင်နေပါတယ်” လို့ ဗီဒီယိုထဲမှာ ပြောကြားခဲ့ပါတယ်။
ဒွန်နက်စ်ခ်ဒေသ၊ ခါကိဗ်ဒေသ၊ ဇာပိုရစ်ချ်ဇီးယားဒေသ၊ ခါဆွန်ဒေသ၊ ဘယ်ဘက်ကမ်း နေရာတွေမှာ ယူကရိန်းအမျိုးကောင်းသားတွေဟာ ခက်ခဲပြီး နာကျင်ခြင်းနဲ့ ဆုံးရှုံးမှုတွေ ရှိပေမဲ့ ယူကရိန်းနိုင်ငံ ဆက်ရှင်သန်နေအောင် တိုက်ပွဲဝင်နေကြတာပါလို့ ပြောသွားပါတယ်။
စစ်သားတွေကို ဆုတံဆိပ်တွေ ပေးအပ်ချီးမြှင့်နေတဲ့ ဗီဒီယိုဖိုင်ကို တယ်လီဂရမ်မှာ မျှဝေပေးရင်း ကာကွယ်ရေးအခြေအနေနဲ့ အခြေခံလိုအပ်ချက်တွေကိုလည်း တပ်မှူးနဲ့ ဆွေးနွေးခဲ့ပါတယ်။
ဒီစစ်ပွဲကို ပခုံးပေါ်ထမ်းတင်ခဲ့တဲ့ တိုက်ခိုက်ရေးသမားတိုင်း၊ စစ်သားတိုင်း၊ သင်္ဘောသားတိုင်း၊ တပ်ကြပ်ကြီး၊ အရာရှိတိုင်းနဲ့ သူတို့ရဲ့ မိသားစုတွေ အားလုံးကို ချစ်ခင်ရပြီး ထာဝရကျေးဇူးတင်ပါကြောင်းလည်း ပြောသွားပါတယ်။
ယူကရိန်းရဲ့ လပေါင်းများစွာ တန်ပြန် ထိုးစစ်ဆင်မှုတွေ ပြုလုပ်လာခဲ့ပြီးနောက် အခုနွေရာသီမှာ ရုရှားစခန်းတွေဟာ သိသိသာသာ ရှေ့မတိုးနိုင်တော့ပဲ အောက်တိုဘာလလယ်မှာတော့ ရုရှားဟာ အာ့ဗ်ဒီးဗ်ကာကို တိုက်ခိုက်မှုတွေ ပြင်းထန်လာခဲ့ပါတယ်။
Source/Photo-Reuters