ရုရှားဒုံးကျည်တစင်းဟာ ဒီဇင်ဘာ ၂၉ ရက်က နေတိုးအဖွဲ့ဝင် ပိုလန်ရဲ့ လေပိုင်နက်ကို ဝင်ရောက်ခဲ့ကြောင်း ပိုလန်စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။
ပိုလန်စစ်တပ် အကြီးအကဲ စစ်ဗိုလ်ချုပ်ကြီး ဝီစလော ကူကုလာက ဒုံးကျည်ဟာ ပိုလန်ပိုင်နက်ထဲကို အမှန်တကယ် ဝင်ရောက်လာခဲ့ပြီး လိုအပ်ရင် ပစ်ချဖို့ ဂျက်တိုက်လေယာဉ်တွေကိုတောင် စေလွှတ်ခဲ့ကြောင်းနဲ့ ပိုလန်လေပိုင်နက်မှာ အချိန်တိုတိုပဲ ဝင်ရောက်ခဲ့တာကြောင့် သူ့ကို မဖျက်ဆီးပစ်နိုင်ခင်မှာပဲ ပြန်ထွက်သွားခဲ့ကြောင်း ပြောပါတယ်။
ဒုံးကျည်ဟာ ယူကရိန်းဘက်ကို မပြန်သွားခင် ပိုလန်ရဲ့ လေပိုင်နက်ထဲကို ကီလိုမီတာ ၄၀ လောက် အကွာအဝေးကို ၃ မိနစ် မပြည့်ခင်လောက် ထိုးဖောက်ဝင်ရောက်ခဲ့ကြောင်း ပိုလန်စစ်တပ်ရဲ့ စစ်ဆင်ရေးမှူး ဗိုလ်ချုပ်ကြီး မားချေးကလစ်ရှ် က ပြောပါတယ်။
သူ့ရဲ့ပျံသန်းမှုလမ်းကြောင်းတခုလုံးကို စောင့်ကြည့်နေပေမဲ့ ဒုံးကျည်ဟာ လေပိုင်နက်ကနေ ထွက်ခွာတော့မယ်လို့ အကြံပြုကြတာကြောင့် အဲဒါနဲ့ပတ်သက်ပြီး အရေးတယူ ဆုံးဖြတ်ချက်တွေ မချခဲ့ဘူး လို့ ဆိုပါတယ်။
ဒီအဖြစ်အပျက်ဟာ ဒရုန်း ၁၅၈ စင်းနဲ့ ဒုံးကျည်တွေကို ယူကရိန်းရဲ့ အရေးကြီးတဲ့ အခြေခံအဆောက်အဦတွေကို ပစ်မှတ်ထားတဲ့ ရုရှားရဲ့ ထူးထူးခြားခြား ညလုံးပေါက် တိုက်ခိုက်မှုတွေ ရှိနေချိန်မှာပဲ ပေါ်ပေါက်လာတာပါ။
Source/Photo - Reuters