ပီရူးနိုင်ငံ အရှေ့မြောက်ပိုင်း အယ်မဇွန်နာဒေသမှာ ရေလွှမ်းမိုးမှုကြောင့် နေအိမ်တွေ လမ်းတွေ ရေထဲမြုပ်ကုန်ပြီး ရေပြင်ကျယ်ကြီးဖြစ်သွားပုံကို ဒီဇင်ဘာ ၂၉ ရက်က ဒရုန်းရိုက်ချက်တွေမှာ မြင်တွေ့ရပါတယ်။
အယ်မဇွန်နာဒေသမှ ကွန်ဒေါ်ရ်ကန်ကီ ခရိုင်လူထုဟာ ရေအောက်ထဲမှာ နစ်မြုပ်နေတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို မယူနိုင်ဘဲ သူတို့ရဲ့နေအိမ်တွေနဲ့ ပစ္စည်းတွေကို ချန်ထားခဲ့ရပြီးတော့ ဘေးလွတ်ရာကို အမြန်ရွှေ့ပြောင်းခဲ့ကြရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ရွာ ၂၀ ထက် မနည်းရှိ လူနေအိမ် ၅၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် နေထိုင်သူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးဖို့ လိုအပ်ကြောင်း အာဏာပိုင်တွေကသတိပေးထားပြီး ဒေသခံတွေကိုလည်း သတိထားကြဖို့နဲ့ လျှံတက်နေတဲ့ နီဗာမြစ်နားကို မသွားကြဖို့ ညွှန်ကြားထားပါတယ်။
Source/Photo - Reuters