မန်ယူအသင်းအနေနဲ့ ခြေစွမ်းတည်ငြိမ်မှုမရှိတာကို တိုးတက်ဖို့ လုပ်ဆောင်မယ်လို့ နည်းပြ အဲရစ် တန်ဟတ်ဂ်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က ဗီလာအသင်းကို ခြေစွမ်းပြအနိုင်ယူခဲ့ပေမဲ့ မနေ့ညက ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ တာပါ။
မန်ယူနိုက်တက်ဟာ လိဂ်ရဲ့အကောင်းဆုံးအသင်းကိုတောင် အနိုင်ယူနိုင်ပေမဲ့ တခြား အသင်းတွေကို အနိုင်မရတာဟာ ခြေစွမ်းသတမတ်တည်း မရှိတာကို ဖော်ပြနေပြီး နောက်ပွဲတွေမှာ တိုးတယ်လာမယ်လို့ သေချာပေါက်ယုံကြည်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
မန်ယူအသင်းဟာ မနေ့ညက ရှုံးပွဲကြောင့် ပရီးမီးယားလိဂ်ပွဲ ၂၀ မှာ ၉ ပွဲအထိ ရှုံးနိမ့်ခဲ့ရပြီး မနှစ်က ရာသီထက် ရှုံးပွဲ ပိုများသွားပြီဖြစ်ပါတယ်။
နည်းပြတန်ဟတ်ဂ်ကတော့ ဒဏ်ရာရ ကစားသမားတွေ များပြားတာက ရှုံးပွဲများသွားခြင်းရဲ့ အဓိက အချက်ဖြစ်တယ်လို့ ထောက်ပြသွားပါတယ်။
Photo-Reuters