ရန်ကုန်ရဲ့ နှစ်သစ်ကူးညမှာ မီးရှူးမီးပန်းနဲ့ ဗျောက်အိုးတွေ ရောင်းချတာနဲ့ ပစ်လွှတ်ဆော့ကစားတာတွေမလုပ်ဖို့ စစ်ကောင်စီ ထွေအုပ်ရုံးတွေက ကန့်သတ်ချက်တွေ ထုတ်ပြန်ပါတယ်။
ဒါပေမယ့် ရန်ကုန်မြို့မှာ နှစ်သစ်ကူးညရဲ့ Countdown ပွဲကို ပြည်သူ့ရင်ပြင်မှာ DJ တီးခတ်သူတွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အကအဖွဲ့တွေ စည်ကားသိုက်မြိုက်စွာပြုလုပ်မှာဖြစ်ပြီး မီးရှူးမီးပန်းတွေလည်း ပစ်ဖောက်မယ်လို့ စစ်ကောင်စီတိုင်းအစိုးရနဲ့နီးစပ်သူတွေက ပြောပါတယ်။
နှစ်သစ်ကူးပွဲကို ပြည်သူ့ရင်ပြင်မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်၊ ညနေ ၆ နာရီက စတင်ကာ ကျင်းပမှာဖြစ်တာကြောင့် လာရောက်ပျော်ရွှင်ဆင်နွှဲဖို့လည်း ဖိတ်ခေါ်ထားပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၃၀ ရက်ကစပြီး ၃၁ ရက်နေ့အထိ Thuwanabumi Event Park မှာ Countdown ပွဲကို ပြည်ပက DJ တီးခတ်သူတွေနဲ့ စတင်ပြုလုပ်နေပြီး သွားရောက်ကြသူတွေလည်း များပြားတယ်လို့ သိရပါတယ်။