ဂျာမနီနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ မိုးသည်းထန် မြစ်တွေရေလျှံခဲ့ပြီး ရေလွှမ်းမိုးခဲ့တဲ့အပြင် နောက်ရက်တွေမှာ မိုးပိုလာမယ်လို့ ခန့်မှန်းထားပါတယ်။
နေရာအတော်များများမှာ ရက်အတော်ကြာဆက်တိုက် မိုးသည်းထန်နေတာဖြစ်ပြီး မက်ဂ်ဒယ်ဘော့ခ်မြို့နဲ့ အနီးတဝိုက်မှာ အယ်လ်ဘာမြစ်ရဲ့ ရေမျက်နှာပြင် မြင့်တက်လာခဲ့ပြီး မြို့ရဲ့ ရေလွှမ်းမိုးမှု အထွတ်အထိပ်အချိန်မှာ မြစ်ရေဟာ ၁၇ ပေထိ မြင့်တက်ခဲ့ပါတယ်။
မက်ဂ်ဒယ်ဘာ့ခ်မြို့ရဲ့ အရှေ့ဘက် ၁၄ မိုင် အကွာ ပရက်ဇီယန်မှာ မြစ်ရေလျှံလို့ မြက်ခင်းတွေနဲ့ လယ်ကွင်းတွေကို ရေလွှမ်းခဲ့ပါတယ်။
မက်ဂ်ဒယ်ဘော့ခ်မြို့ဟာ ရေလွှမ်းမိုးမှု အန္တရာယ်ကို အန္တရာယ်ကြီးလို့ မယူဆပေမဲ့ ဆည်ရေသောက် ဧရိယာထဲကို လူတွေ မဝင်ကြဖို့ တောင်းဆိုထားပါတယ်။
မက်ဂ်ဒယ်ဘော့ခ်မှာ ၂၀၁၃ ခုနှစ်က ဥရောပရေလွှမ်းမိုးမှုအတွင်း တိုင်းတာခဲ့တဲ့ အမြင့်ဆုံး ရေလွှမ်းမိုးမှု ဟာ ၂၄ ပေခွဲ ဖြစ်ပါတယ်။
ဂျာမနီမြောက်ပိုင်းက ဆက်ဇွန်အောက်ပိုင်း ပြည်နယ်မှာ ရေကြီးနေလို့ ရဲတပ်ဖွဲ့က လမ်းအများအပြားကို ပိတ်ထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်တွေအတွင်း မျောက်နဲ့ မီယာကတ် ကြောင်ရိုင်းလို တိရစ္ဆာန်ငယ် ၂၀၀ ကျော်ကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရတဲ့ ဆာဖာရီပန်းခြံ အပါအဝင် တချို့နေရာတွေမှာ အရေးပေါ် အရာရှိတွေ လက်တွဲဆောင်ရွက် နေကြပါတယ်။
Source/Photo - Reuters