၂၀၀၈ ခုနှစ်က အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော်ဖြစ်တဲ့ မွမ်ဘိုင်းမြို့ တိုက်ခိုက်ခံရမှုမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူ ဟာဖှစ်ဇ်ဆာအိကို လွှဲပြောင်းပေးဖို့ အိန္ဒိယနိုင်ငံခြားရေးဌာနက ပါကစ္စတန် အစိုးရကို ဒီဇင်ဘာ ၂၉ ရက်မှာ တရားဝင်တောင်းဆို ခဲ့ပါတယ်။
အစ္စလာမ္မစ်ခေါင်းဆောင်ကို ပါကစ္စတန်တရားရုံးက ၂၀၀၂ ခုနှစ် ဧပြီ ၉ ရက်မှာ ထောင်ဒဏ် ၃၁ နှစ် ချမှတ်ခဲ့ပြီးသားပါ။
လက်ရှ်ခါအီတိုင်ဘာ စစ်သွေးကြွအဖွဲ့ကို တည်ထောင်သူ ဆာအိဟာ ၂၀၂၀ ပြည့်နှစ်မှာလည်း အလားတူ စွဲချက်များစွာအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး ထောင်ကျနေပြီဖြစ်ပါတယ်။
ဆာအိဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အကြိမ်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရပြီး ပြန်လွှတ်ပေးခံခဲ့ရပါတယ်။
သေနတ်သမားတွေ ပါကစ္စတန်ကနေ မွန်ဘိုင်းဆီ လှေနဲ့ ဖြတ်သွားပြီး တိုက်ခိုက်ခဲ့တဲ့ ၂၀၀၈ မွန်ဘိုင်းတိုက်ခိုက်မှု အပါအဝင် စစ်သွေးကြွတွေနဲ့ ပတ်သက်မှု မရှိဘူးလို့ ဆာအိက ငြင်းဆိုခဲ့ပါတယ်။
မွမ်ဘိုင်း တိုက်ခိုက်မှုအတွင်း အမေရိကန်နိုင်ငံသားတွေ အပါအဝင် လူအယောက် ၁၆၀ သေဆုံးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုက ဒီအမှုအတွက် ပြစ်ဒဏ်စီရင်တာခံရမယ့် သတင်းအချက် အလက်တွေအတွက် ဆုငွေ ဒေါ်လာ ၁၀ သန်း ပေးမယ်လို့ ကမ်းလှမ်းရင်း ဆုကြေး ထုတ်ခဲ့ပါတယ်။
မွမ်ဘိုင်းတိုက်ခိုက်မှုမှာ သံသယရှိခံထားရသူ ဆာအိကို အိန္ဒိယမှာ ရုံးတင်စစ်ဆေးဖို့ အိန္ဒိယနိုင်ငံဆီ လွှဲပေးရေး အိန္ဒိယအစိုးရဟာ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမဲ့ ပါကစ္စတန်က ဆာအိကို လွှဲပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
Source/Photo - Reuters