အိန္ဒိယနိုင်ငံ မြောက်ပိုင်းတစ်ခွင်မှာ မြူနှင်းတွေ ဆိုးဆိုးရွားရွား ဖုံးလွှမ်းနေလို့ ဒီဇင်ဘာ ၂၉ ရက်က ရထား ပြေးဆွဲမှု နှောင့်နှေးခဲ့ရပါတယ်။
ဝန်ဆောင်မှုတချို့အတွက် လေးနာရီကျော် နှောင့်နှေးမှုဒဏ်ကို ရထားစီး ခရီးသည်တွေ ရင်ဆိုင်ခဲ့ရပါတယ်။
မြူခိုးတွေကြောင့် နိုင်ငံတကာနဲ့ ပြည်တွင်းလေကြောင်းခရီးစဉ် အများအပြား နှောင့်နှေးခဲ့ရပါတယ်။
အခုနှစ်အအေးလှိုင်းကြောင့် အိန္ဒိယနိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ မကြာခဏဆိုသလို မြူတွေ ထူထူထပ်ထပ် ကျဆင်းလေ့ရှိတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
အိန္ဒိယ မိုးလေဝသဌာနက လာမယ့် ရက်တွေအတွင်း အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ မြူတွေ ထူထူထပ်ထပ် ဆက်ရှိနေနိုင်တယ်လို့ ခန့်မှန်းထုတ်ပြန် ထားပါတယ်။
Source/Photo - Reuters