ဆော်ဒီနိုင်ငံမှာကစားဖို့ စီစဉ်ထားတဲ့ ဂါလာတာစာရေးနဲ့ ဖီနာဘာချီတို့ရဲ့ တူရကီစူပါဖလားပွဲဟာ နှစ်ဖက် ကစားသမားတွေရဲ့ ငြင်းဆန်မှုကြောင့် ပွဲရွှေ့ဆိုင်းခဲ့ရပါတယ်။
တူရကီလိဂ်ချန်ပီယံ ဂါလာတာစာရေးနဲ့ ရှုံးထွက်ဖလားချန်ပီယံ ဖီနာဘာချီအသင်းတို့ဟာ စူပါဖလားဗိုလ်လုပွဲကို မနေ့ညက ဆော်ဒီနိုင်ငံ ရီရတ်ချ်မြို့မှာ ကစားဖို့ စီစဉ်ထားတာပါ။
ကွင်းထဲကို ပရိသတ်တချို့ လာရောက်ခဲ့တဲ့တိုင် နှစ်ဖက်ကစားသမားတွေက ပွဲကစား ဖို့ငြင်းဆန်ခဲ့ကြတာပါ။
ဆော်ဒီအာဏာပိုင်တွေဟာ စူပါဖလားပွဲစဉ်မှာ တူရကီနိုင်ငံကို တည်ထောင်သူ မူစတာဖာခါမယ်အက်တီချုခ်ရဲ့ရုပ်ပုံနဲ့ ပိုစတာတွေကို ဝတ်ဆင်၊ ယူဆောင်ခွင့် ပိတ်ပင်ခဲ့တာကြောင့် နှစ်ဖက် ကစားသမားတွေက ကစားဖို့ ငြင်းဆန်ခဲ့တာလို့ ဆိုပါတယ်။
စူပါဖလားပွဲစဉ်မှာ ခေတ်သစ်တူရကီနိုင်ငံကို ပြောင်းလဲတည်ထောင်ခဲ့မှု နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ်နဲ့လည်း ယှဉ်ပြိုင်ကစားကြတာဖြစ်ပါတယ်။
ပွဲရွှေ့ဆိုင်းခဲ့ပြီးနောက် ပြန်ကစားမယ့်နေရာနဲ့ အချိန်ကို ဆက်လက်ထုတ်ပြန်မယ်လို့ တူရကီဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့ပါတယ်။
Photo-Reuters