ပရီးမီးယားလိဂ်မှာ ဂိုးစည်းကျော်၊ မကျော်ကို သိနိုင်တဲ့နည်းပညာ မရှိတာက ရှက်စရာကောင်းကြောင်း အာဆင်နယ်နည်းပြ အာတေတာက ဝေဖန်သွားပါတယ်။
အာဆင်နယ်ဟာ ဒီကနေ့မနက်ပိုင်းက ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ အငြင်းပွားဖွယ်ရာ ဂိုးနဲ့ ဦးဆောင်ဂိုးပေးခဲ့ရတာပါ။
သောမက်စ်ဆိုရှက် သွင်းယူခဲ့တဲ့ အဲဒီဂိုးမှာ တောင်ပံကစားသမား ဘိုဝင်က ဂိုးလွန်ဘောစည်းပေါ်ကနေ ပေးပို့ခဲ့တာဖြစ်ပြီး ဂိုးစည်း ကျော်၊ မကျော်က ရှင်းလင်းမှုမရှိဘဲ ဖြစ်ခဲ့ရတာပါ။
ပရီးမီးယားလိဂ်မှာ ဂိုးစည်း ကျော်၊ မကျော် သေချာသိနိုင်တဲ့နည်းပညာ မရှိတာက ရှက်စရာကောင်းကြောင်း၊ ဆုံးဖြတ်ချက်ဖြစ်စေခဲ့တဲ့ ဓာတ်ပုံဟာလည်း ပြည့်စုံခိုင်မာမှု မရှိကြောင်း နည်းပြအာတေတာက ပြောပါတယ်။
အာဆင်နယ်အနေနဲ့ အနိုင်ရဖို့ ထိုက်တန်ခဲ့ပြီး VAR ဆုံးဖြတ်ချက်တွေက ပြီးခဲ့ပြီဖြစ်လို့ ရှေ့ဆက်သွားရုံသာရှိကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။
Photo-Reuters