အိန္ဒိယကမ်းရိုးတန်းမှာ အစ္စရေးနဲ့ ဆက်နွှယ်နေတဲ့ ကုန်တင်သင်္ဘောတစီး သီတင်းပတ်ကုန်ရက်က တိုက်ခိုက်ခံရပြီးတဲ့ နောက်ထပ်မဖြစ်အောင် ဟန့်တားဖို့ အိန္ဒိယရေတပ်က အာရေဗျပင်လယ်မှာ ပဲ့ထိန်းဒုံးကျည်တင် ဖျက်သင်္ဘောတွေကို ဖြန့်ကျက် တပ်ချထားမှာ ဖြစ်ပါတယ်။
MV ချမ်ပလူတို သင်္ဘော တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ဒီဇင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
အိန္ဒိယနိုင်ငံဟာ အိန္ဒိယသမုဒ္ဒရာမှာရှိတဲ့ ပင်လယ်ရေကြောင်း ကုန်သွယ်မှုအတွက် ဘေးကင်းလုံခြုံစေဖို့ ကတိပြုထားတယ်လို့ ကာကွယ်ရေးဝန်ကြီးက ဒီဇင်ဘာ ၂၆ ရက်မှာ ပြောခဲ့ပါတယ်။
အီရန်ကနေ လွှတ်တင်ခဲ့တဲ့ မောင်းသူမဲ့ လေယာဉ်တစင်းရဲ့ တိုက်ခိုက်မှုဟာ အိန္ဒိယသမုဒ္ဒရာအတွင်း MV ချမ်ပလူတိုသင်္ဘောကို ထိမှန်ခဲ့တယ်လို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က ဒီဇင်ဘာ ၂၃ ရက်မှာ ပြောခဲ့ပါတယ်။
သင်္ဘောအမှုထမ်းတွေထဲမှာ အိန္ဒိယလူမျိုး ၂၁ ဦးနဲ့ ဗီယက်နမ်နိုင်ငံသားတဦးတို့ ပါဝင်ခဲ့ပါတယ်။
ပင်လယ်နီထဲမှာ အလားတူ စိန်ခေါ်မှုတွေကို တန်ပြန်ဖို့ အမေရိကန် ဦးဆောင်တဲ့ လုပ်ငန်းအဖွဲ့တဖွဲ့က ကြိုးစားနေချိန်မှာ ခုလို ပစ်ခတ်ခံခဲ့ရတာပါ။
အီရန်ဟာ အိန္ဒိယကမ်းရိုးတန်းနားက သင်္ဘောကို တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အမေရိကန်ရဲ့ စွဲချက်ဟာ အခြေအမြစ်မရှိဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၅ ရက်မှာ ပြောခဲ့ပါတယ်။
Source/Photo-Reuters