ထိုင်းနိုင်ငံတောင်ပိုင်းက ပြည်နယ်အများအပြားမှာ မိုးသည်းသည်းထန်ထန်ရွာပြီးနောက် ဒီဇင်ဘာ ၂၅ ရက်မှာ အပြင်းအထန် ရေကြီးခဲ့တယ်လို့ ထိုင်းဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
နာရာသီဝပ်ပြည်နယ်မှာ ချောင်းတွေ ရေလျှံပြီး ရေတွေ လမ်းပေါ်ထိ တက်လာခဲ့လို့ လမ်းပန်းဆက်သွယ်ရေးတချို့ ပြတ်တောက်ခဲ့တယ်လို့ Thai PBS သတင်းဌာနက ထုတ်ပြန်ပါတယ်။
နေရာအနှံ့ ရေကြီးရေလျှံနေလို့ အိမ်ထောင်စု ထောင်ပေါင်းများစွာ ထိခိုက်ခဲ့ပြီး ဒေသခံတွေက သူတို့ရဲ့ပစ္စည်းတွေကို အမြင့်ဆီရွှေ့ဖို့ အကြံပြုထားတယ်လို့ ဒေသခံမီဒီယာတွေက ပြောပါတယ်။
ရေကြီးလို့ နာရာသီဝပ်မြို့က ဆေးဘက်ဆိုင်ရာဆေးခန်း ၃ ခုက အရေးပေါ်ဌာနတွေ ထိခိုက်ခဲ့ပေမဲ့ တနင်္လာနေ့အထိ ဆက်လည်ပတ်နိုင်ခဲ့ပါတယ်။
ရေဘေးသင့်ဒေသတွေက ရေတွေကို တတ်နိုင်သမျှ အမြန်ဆုံးဖောက်ထုတ်ဖို့ ဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လျော့ပါးရေးဌာနက ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
ရေဘေးသင့်သူတွေကို ကူညီဖို့ ထိုင်းအစိုးရက တပ်မတော်နဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ကို ညွှန်ကြားထားပါတယ်။
Source/Photo-Reuters