ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်မှာ အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ အလှပြင်ဆိုင် ဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို ထိုင်းအာဏာပိုင်တွေက ဒီဇင်ဘာ ၂၄ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ CH7 New မှာ ဖော်ပြထားပါတယ်။
အဲ့ဒီလို စစ်ဆေးနေစဉ်အတွင်း အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ ဖွင့်လှစ်ထားတဲ့ အလှပြင်ဆိုင် ၃ ဆိုင်မှ မြန်မာအလုပ်သမား အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။
မြန်မာအလုပ်သမား ၇ ဦးထဲက ၄ ဦးဟာ အထောက်အထား စာရွက်စာတမ်း ပါရှိပေမဲ့ ၃ ဦးဟာ တရားဝင် အထောက်အထား စာရွက်စာတမ်း မပါရှိဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ မြန်မာအလုပ်သမား ၇ ဦးထဲက ၄ ဦးကို အလုပ်လုပ်ခွင့်မရှိဘဲ အလုပ်လုပ်ကိုင်မှုနဲ့ တရားစွဲဆိုခဲ့ပေမဲ့ အထောက်အထားမရှိတဲ့ ၃ ဦးကိုတော့ အလုပ်လုပ်ခွင့်မရှိဘဲ အလုပ်လုပ်ကိုင်မှုအပြင် တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ပါ တရားစွဲဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ နိုဝင်ဘာ ၂ ရက်နေ့ကလည်း အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ အလှပြင်ဆိုင် ဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံသား ၄ ဦးကို တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။