ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက မာရီယန်ကာမြို့ကို ရုရှားတပ်ဖွဲ့တွေ အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂီ ရွှိုင်ဂူက ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ပြောပါတယ်။
မေလမှာ ဘတ်ခ်မွတ်မြို့ကို သိမ်းပိုက်ပြီးတဲ့နောက် ရုရှားအစိုးရအတွက် အရေးပါဆုံး အကျိုးကျေးဇူးတွေထဲက တခုဖြစ်လာတာပါ။
ရုရှားထိန်းချုပ်နယ်မြေ ဒန်ညက်စ်ရဲ့ အနောက်တောင်ဘက်က မာရီယန်ကာရဲ့ မှတ်တမ်း အများစုက ဒီမြို့ကို လူသူကင်းမဲ့တဲ့ မြို့တမြို့အဖြစ် ဖော်ပြထားပါတယ်။
တချိန်က လူ ၁၀၀၀၀ လောက် နေထိုင်ခဲ့တဲ့ မြို့ကို ထိန်းချုပ်ထားနိုင်လို့ ရုရှားတပ်ဖွဲ့တွေက ရန်သူတိုက်ခိုက်ရေးတပ်တွေကို ဒန်ညက်စ်မြို့ကနေ ဝေးရာဆီ ရွှေ့ပြောင်းနိုင်စေလိမ့်မယ်လို့ ပူတင်က ပြောပါတယ်။
“ကျနော်တို့တပ်တွေက အခုဆို ပိုကျယ်တဲ့ စစ်ဆင်ရေးနယ်မြေဆီ ရောက်ဖို့ အခွင့်အလမ်း ရလာပြီ” လို့ ပူတင်က ရွှိုင်ဂူကို ပြောနေတာကို သမ္မတနန်းတော် သတင်းထောက်တယောက်က အွန်လိုင်းပေါ်တင်ထားတဲ့ ဗီဒီယိုထဲမှာ တွေ့ရပါတယ်။
ရုရှားတပ်ဖွဲ့တွေက ၂၂ လကြာ ဖြစ်ပွားခဲ့တဲ့ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို ဖြတ်ပြီး အရှိန်ပြင်းပြင်း တိုက်ခဲ့တဲ့ အချက်အချာအဖြစ် အနားက အဗ်ဒစ်ဗ်ကာမြို့ကို အောက်တိုဘာ လလယ်ကတည်းက ကုန်းကြောင်းနဲ့ လေကြောင်း အခြေစိုက် အရှိန်မြှင့် တိုက်ခိုက်ခဲ့ပါတယ်။
Source/Photo-Reuters