ဆီးရီးယားမြို့တော် ဒမတ်စကတ် အပြင်ဘက်မှာ ဒီဇင်ဘာ ၂၅ ရက်က အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အီရန်တော်လှန်ရေးအစောင့်တပ်က အကြီးတန်းအကြံပေးတဦး သေဆုံးခဲ့တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်သုံးခုနဲ့ အီရန်နိုင်ငံပိုင် မီဒီယာက ပြောပါတယ်။
ဆေးယတ် ရာဇီ မူဆာဗီလို့ခေါ်တဲ့ အကြံပေးပုဂ္ဂိုလ်ဟာ ဆီးရီးယားနဲ့ အီရန်ကြား စစ်ရေးမဟာမိတ်တွေကို ညှိနှိုင်းဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်လို့ သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
မူဆာဗီ အသတ်ခံရတဲ့အကြောင်း ကြေညာဖို့ အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားက သူ့ရဲ့ ပုံမှန်သတင်းထုတ်လွှင့်မှုကို ရပ်တန့်လိုက်ပြီး ဆီးရီးယားနိုင်ငံထဲက အီရန် တော်လှန်ရေးအစောင့်တပ်ရဲ့ အသက်အကြီးဆုံး အကြံပေးတဦး သေဆုံးတဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။
သူဟာ ၂၀၂၀ ခုနှစ်က အီရတ်မှာ အမေရိကန် မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခံရလို့ သေဆုံးခဲ့ရတဲ့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ ထိပ်တန်းအကြီးအကဲ ကတ်ဆန်မ် ဆူလေမာနီနဲ့အတူ လိုက်ပါလာသူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။
Source/Photo-Reuters