Home
နိုင်ငံတကာ
အင်ဒိုနီးရှား သံမဏိလုပ်ငန်းတွင် မီးလောင်ပြီး တရုတ်အလုပ်သမား ၄ ဦး သေဆုံး
DVB
·
December 26, 2023
China02_26122023

အင်ဒိုနီးရှားနိုင်ငံ စူလာဝေစီကျွန်းပေါ်က အင်ဒိုနီးရှား ရှင်းရှန်းသံမဏိလုပ်ငန်း (ITSS) က ပိုင်တဲ့ နီကယ်အရည်ကျိုမီးဖိုမှာ မီးလောင်ပြီး တရုတ်အလုပ်သမားလေးဦး သေဆုံးခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၅ ရက်မှာ အတည်ပြုခဲ့ပါတယ်။

ဒီဇင်ဘာ ၂၄ ရက်က မီးလောင်မှုမှာ တရုတ်အလုပ်သမားလေးဦး အပါအဝင် အလုပ်သမား စုစုပေါင်း ၁၃ ဦး သေဆုံးပြီး ၄၆ ဦး ဒဏ်ရာရခဲ့တယ်လို့ စက်ရုံပိုင်ရှင်က ပြောပါတယ်။

အလုပ်သမားတွေက ဒီဇင်ဘာ ၂၅ ရက် မနက် ၅ နာရီခွဲမှာ မီးဖိုကိုပြုပြင်ပြီး သတ္တုပြားတွေကို တပ်ဆင်နေချိန်မှာ မီးလောင်ခဲ့တာပါ။

အင်ဒိုနီးရှားအလုပ်သမား ကိုးဦးနဲ့ တရုတ်အလုပ်သမား လေးဦး သေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှား မိုရိုဝါလီ စက်မှုဥယျာဉ်မြို့တော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပြီး ဒေသစံတော်ချိန် မနက် ၉ နာရီ ၁၀ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဖြစ်ပွားရတဲ့ အကြောင်းရင်းကို အမြန်ဆုံးဖော်ထုတ်ဖို့ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သံရုံးကို ညွှန်ကြားထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက တနင်္လာနေ့မှာ ကျင်းပတဲ့ နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024