ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းနေထိုင်သူတွေဟာ မက္ကဆီကိုနိုင်ငံတောင်ပိုင်း တာပါချူလာမြို့ကနေ အမေရိကန်နိုင်ငံဆီ ရောက်ဖို့ မျှော်လင့်ချက်နဲ့ ဒီဇင်ဘာ ၂၄ ရက် အစောပိုင်းမှာ ထွက်ခွာခဲ့ကြပါတယ်။
ကားတန်းကို ဦးဆောင်နေသူတွေဟာ လက်ဝါးကပ်တိုင်၊ မက္ကဆီကန်အလံနဲ့ ‘ဆင်းရဲမွဲတေမှုမှ ထွက်မြောက်ရေး’ လို့ ရေးထားတဲ့ စာတန်းကြီးကို ကိုင်ဆောင်လာကြပါတယ်။
ဟွန်ဒူးရပ်စ်နိုင်ငံသား ဟိုဆေးဆန်းတို့စ်ဟာ လုံခြုံရေးအစောင့်တဦး ဖြစ်ခဲ့ပေမဲ့ MS-13 ဂိုဏ်းဝင်တွေရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုကြောင့် သူ့နိုင်ငံကနေ အမေရိကန်နိုင်ငံဆီ ထွက်ပြေးခဲ့ရပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေဟာ အကြမ်းဖက်မှု၊ စီးပွားရေးနဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေကနေ လွတ်မြောက်ဖို့ မက္ကဆီကိုနိုင်ငံကို ဖြတ်ပြီး အမေရိကန်နိုင်ငံဆီ ထွက်လာနေကြတာလို့ ကုလသမဂ္ဂက ပြောပါတယ်။
ကိုလံဘီယာနဲ့ အလယ်အမေရိကတို့ကို ဖြတ်ကျော်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူ လူဦးရေဟာ အခုနှစ်ထဲမှာ ငါးသိန်းကျော်သွားခဲ့ပြီး မနှစ်ကစံချိန်ရဲ့ နှစ်ဆဖြစ်လာပါတယ်။
Source/Photo-Reuters