ချဲလ်ဆီးအသင်းသားတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ကြဖို့ နည်းပြပိုချက်တီနိုက ပြောဆိုသွားပါတယ်။
မနေ့ညက ကစားခဲ့တဲ့ ဝုဗ်အသင်းနဲ့ ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အမှားတွေ လုပ်ဆောင်ခဲ့တဲ့အပေါ် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ဖို့ နည်းပြပိုချက်တီနိုက ပြောသွားတာပါ။
ချဲလ်ဆီးအသင်းအနေနဲ့ အနိုင်ရဖို့ လုံလောက်တဲ့အခွင့်အရေးတွေ ရရှိခဲ့ပေမဲ့ ဂိုးပေါက်ရှေ့မှာ အဆုံးသတ် အားနည်းချက်တွေရှိခဲ့ပြီး အမှားများခဲ့တာကြောင့် အနိုင်ရလဒ် မရခဲ့တာလို့ ပိုချက်တီနိုက ပြောပါတယ်။
ပရီးမီးယားလိဂ်လိုပြိုင်ပွဲမှာ ရလာတဲ့အခွင့်အရေးကို ပါးပါးနပ်နပ် အသုံးမချနိုင်ဘူးဆိုရင် ထိခိုက်မှုရှိမှာဖြစ်ပြီး ထောင့်ကန်ဘောအနည်းငယ်ကနေ ဂိုးတွေပေးရတာဟာ အလွန်စိတ်ပျက်စရာကောင်းကြောင်း ပိုချက်တီနိုက ပြောသွားပါတယ်။
ချဲလ်ဆီးဟာ အခုနှစ် ပရီးမီးယားလိဂ်မှာ အပိုင်အခွင့်အရေးလွဲချော်မှု အများဆုံးအသင်းဖြစ်ပြီး စုစုပေါင်း ၅၇ ကြိမ်ရရှိခဲ့ရာမှာ ၃၆ ကြိမ်အထိ လွဲချော်ခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
Photo-Reuters