အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့က အန်ကူရာဆေးရုံမှာ ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းက မီးလောင်ခဲ့လို့ အဆောက်အအုံ အများအပြား ပျက်စီးခဲ့ပြီး လူသေဆုံး ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။
မီးအပူလွန်ကဲလို့ ဆေးရုံက LED ဆိုင်းဘုတ် မီးလောင်ရာကနေ မီး စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး မီးလောင်ချိန်မှာ အဲဒီ အဆောက်အအုံက လူနာ ၁၅ ဦးကို တခြားဆေးရုံတစ်ခုဆီ ဘေးကင်းကင်း ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဒေသခံ မီးသတ်အရာရှိတစ်ဦးက ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ ခုလို မတော်တဆမှုတွေ အဖြစ်များပြီး လုံခြုံရေးစံနှုန်းတွေကို ချိုးဖောက်သူတွေ များတဲ့အပြင် အစိုးရအရာရှိတွေက စစ်ဆေးမှု ပေါ့လျော့တာတွေကို မကြာခဏ အပြစ်တင်လေ့ ရှိပါတယ်။
Source/Photo - Reuters