Home
နိုင်ငံတကာ
အင်ဒိုနီးရှားတွင် မီးတောင် ပေါက်ကွဲပြီး ဆူမားတြားကျွန်းပေါ်တွင် ခရီးသည်များ ပိတ်မိ
DVB
·
December 23, 2023
Marapi volcanic ash forces authorities to close airport in Sumatra

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းပေါ်က မယ်ရာ့ပီ မီးတောင်ပေါက်ကွဲပြီး ထူထပ်တဲ့ မီးတောင်ပြာတွေကို မှုတ်ထုတ်ခဲ့အပြီး ဒီဇင်ဘာ ၂၂ ရက်မှာ ဆူမားတြားကျွန်းပေါ်မှာ ခရီးသည်တွေ ပိတ်မိနေပါတယ်။

လေယာဉ်အမှုထမ်းတွေဆီက အကြောင်းကြားစာကြောင့် ပျံသန်းမှု ဘေးကင်းလုံခြုံရေး အကြောင်းပြချက်နဲ့ မီနန်းကာဘောင်း နိုင်ငံတကာလေဆိပ်ကို ပိတ်ထားလိုက်ကြောင်း ပဒန်င်နယ်မြေ လေဆိပ်အာဏာပိုင်အဖွဲ့ အကြီးအကဲ မဂ်ဂီ ဟလ်မီယာဒီက ပြောပါတယ်။ မီးတောင်ပြာတွေ ပျံ့နှံ့နေမှုကြောင့် လေယာဉ်အင်ဂျင်တွေကို အန္တရာယ်ဖြစ်စေနိုင်ပြီး လေယာ ဉ်အင်ဂျင်တွေ ရပ်တန့်သွားစေနိုင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

လှုပ်ရှားတက်ကြွနေတဲ့ မီးတောင်ဟာ သောကြာနေ့ မနက်အစောပိုင်းက ပေါက်ကွဲခဲ့တာဖြစ်ပြီး မီးတောင်ထိပ်ဝမှ အထက် မီတာ ၃၀၀ အထိ ပြာတွေမှုတ်ထုတ် လွင့်စဉ်သွားခဲ့ကြောင်း အင်ဒိုနီးရှား မီးတောင်နဲ့ သဘာဝဘေးလျော့ပါးရေး အေဂျင်စီက ပြောပါတယ်။ 

၂,၈၉၁ မီတာ မြင့်တဲ့ မယ်ရာ့ပီ မီးတောင်ဟာ ဆူမားတြားကျွန်းက အတက်ကြွဆုံး မီးတောင်တွေထဲက တခုပါ။ အခုလအစောပိုင်းကလည်း ကြီးကြီးမားမား မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် တောင်တက်သမား ၂၃ ဦး သေဆုံးခဲ့ပါသေးတယ်။ 

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024