နယ်သာလန်အစိုးရဟာ ယူကရိန်းနိုင်ငံဆီပို့ဖို့ F-16 တိုက်လေယာဉ် ၁၈ စင်းကို ပြင်ဆင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ နယ်သာလန် အိမ်စောင့် ၀န်ကြီးချုပ် မတ်ခ် ရူတယ်က ဒီဇင်ဘာ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။
F-16 တိုက်လေယာဉ်တွေ ပေးပို့တာဟာ ယူကရိန်းအတွက် စစ်ရေးထောက်ပံ့မှုဆိုင်ရာ သဘောတူညီချက်တွေထဲက အရေးကြီးဆုံးအချက်တွေထဲက တစ်ခုပါလို့ ရူတယ် က X လူမှုကွန်ရက် မီဒီယာပေါ်ကနေ ပြောပါတယ်။
နယ်သာလန်နိုင်ငံက ယူကရိန်းနိုင်ငံဆီ လှူထားတဲ့ ပထမဆုံး အမေရိကန်လုပ် F-16 တိုက်ခိုက်ရေးလေယာဉ်ဟာ ရိုမေးနီးယားနိုင်ငံက ယူကရိန်းလေယာဉ်မှူးတွေအတွက် လေ့ကျင့်ရေးစင်တာဆီ ပြီးခဲ့တဲ့ နိုဝင်ဘာလက ရောက်လာပါတယ်။
ဒိန်းမတ်၊ နော်ဝေးနဲ့ ဘယ်လ်ဂျီယံတို့က ယူကရိန်းနိုင်ငံဆီ F-16 ဂျက်တိုက်လေယာဉ်တွေ ပေးမယ်လို့ ကြေညာထားပါတယ်။
Source/Photo-Reuters