အာဆင်နယ်အသင်း ချန်ပီယံခြေစွမ်း ရှိ၊ မရှိနဲ့ ပတ်သက်ပြီး လီဗာပူးအသင်းရဲ့ အန်းဖီးလ်ကွင်းမှာ အစမ်းသပ်ခံယူရဖို့ ရှိပါတယ်။
အာဆင်နယ်ဟာ အခုတပတ် ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာဖြစ်ပြီး ၁၁ နှစ် အနိုင်မရခဲ့တဲ့ မှတ်တမ်းဆိုးကို ချေဖျက်နိုင်ဖို့ လိုအပ်မှာပါ။
မနှစ်က ရာသီမှာ ၂ ဂိုးစီ သရေကစားနိုင်ခဲ့ပေမဲ့ အဲဒီပွဲစဉ်က စတင်ပြီး ချန်ပီယံဆုအတွက် အမှတ်တွေ စတင်ဆုံးရှုံးခဲ့ရတာပါ။
အခုနှစ်ရာသီ ချန်ပီယံမျှော်လင့်ချက်အတွက်လည်း အန်းဖီးလ်ကွင်းမှာ စမ်းသပ်မှု ခံယူသွားရမှာဖြစ်ကြောင်း ဒေးလီးမေးလ်သတင်းစာက သုံးသပ်ရေးသားပါတယ်။
အာဆင်နယ်ဟာ အန်းဖီးလ်မှာ လီဗာပူးကို အနိုင်ရခဲ့တာက ၂၀၁၂ ခုနှစ်တုန်းကဖြစ်ပြီး ဆန်တီ ကာဇိုလာနဲ့ လူးကပ် ပိုဒေါစကီးတို့ရဲ့ ဂိုးတွေနဲ့ နောက်ဆုံးအနိုင်ရခဲ့တာပါ။
အာဆင်နယ်နည်းပြ အာတေတာဟာ ၂၀၂၁ ခုနှစ်က လီဗာပူးအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားစဉ်က အန်းဖီးလ်ကွင်းရဲ့ အခြေအနေနဲ့ အသားကျစေဖို့အတွက် လေ့ကျင့်ရေးကွင်းမှာကတည်းက လီဗာပူးအသင်းရဲ့ နာမည်ကျော် You will never walk alone သီချင်းကိုဖွင့်ပြီး လေ့ကျင့်စေခဲ့ဖူးပါတယ်။
Photo-Reuters