သြစတြေးလျနိုင်ငံ အနောက်ပိုင်း ပါ့သ်မြို့လယ်ကောင်ကနေ မိုင် ၂၀ လောက်အကွာရှိ ပါကာဗေးလ်စ်ဆင်ခြေဖုံးမှာ ဒီဇင်ဘာ ၂၁ ရက်က တောမီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၂ လုံးထက်မနည်း ပျက်စီးသွားပြီး ဒေသခံတွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ ညွှန်ကြားထားပါတယ်။
ပါကာဗေးလ်စ် မီးလောင်ကျွမ်းမှုကို မနက်ပိုင်းမှာ အရေးပေါ်အဆင့်အဖြစ် ကြေညာခဲ့ပေမဲ့ မွန်းလွဲပိုင်းမှာတော့ အဆင့်လျှော့ချခဲ့ပါတယ်။
အမျိုးသားနှစ်ဦးကို အသက်အန္တရာယ် မစိုးရိမ်ရတဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံပို့ဆောင်ခဲ့ကြောင်း ဒေသခံမီဒီယာတွေမှာ ဖော်ပြပါတယ်။
လွန်ခဲ့တဲ့ ၄၈ နာရီအတွင်း ပြည်နယ်အတွင်း အရေးပေါ်အဆင့်-၄ မီးလောင်ကျွမ်းမှု ဖြစ်ပါတယ်။
ရာသီဥတုပူပြင်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မီးလောင်မှုဖြစ်ပွားနိုင်ခြေ ပိုများလာပြီး မီးထိန်းနိုင်ဖို့ ရုန်းကန်နေရတဲ့ မီးသတ်သမားတွေအတွက် စိန်ခေါ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
Source/Photo-Reuters