Home
မြန်မာသတင်း
စစ်တွေမြို့နယ် တောကန်ရွာကို စစ်ကောင်စီတပ်က မီးရှို့
DVB
·
December 21, 2023
Taw Kan village firedby SAC_21122023

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ တောကန်ကျေးရွာကို ဒီဇင်ဘာ ၂၁ ရက် မနက်ပိုင်းမှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တောကန်ကျေးရွာကို ဒီမနက် ၉ နာရီ မိနစ် ၅၀ လောက်မှာ အပေါ်က ဒရုန်းတစင်းဝဲပြီး အောက်ကနေ စစ်တွေအခြေစိုက် BE တပ်က စစ်ကောင်စီတပ်သား အင်အား ၆၀ လောက် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာလို့ တောကန်ကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ မနက် ၁၁ နာရီ ၂၇ မိနစ်လောက်မှာ ကျေးရွာအတွင်းက ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းထိုးလာတဲ့လို့ သတင်းကြားတာကြောင့် ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ်အဆောက်အဦ ၅ လုံးလောက် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း ရဲရိုးပြင်နဲ့ ခမောင်းတောကျေးရွာတွေကို ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၁၄၆ လုံးလောက် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024