အမေရိကန်-ဗင်နီဇွဲလား အကျဉ်းသားလဲလှယ်ရေး အစီအစဉ်အရ ဗင်နီဇွဲလားနိုင်ငံမှ လွတ်မြောက်လာသူ အမေရိကန်တချို့ တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုရှိ အမေရိကန်စစ်စခန်းတခုကို ဒီဇင်ဘာ ၂၀ ရက်က ရောက်ရှိလာကြပါတယ်။
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုရဲ့ မဟာမိတ် ကိုလံဘီယာ စီးပွားရေးသမား အဲလက်စ်ဆာ့ဘ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အမေရိကန်က လွှတ်ပေးလိုက်တာကြောင့် အလဲအလှယ်အနေနဲ့ မာဒူရိုကလည်း အတိုက်အခံနဲ့ ဆက်နွှယ်နေတဲ့ အကျဉ်းသား အယောက် ၂၀ နဲ့ အမေရိကန် ၁၀ ယောက်ကို ဗင်နီဇွဲလား ထောင်တွေကနေ လွှတ်ပေးဖို့လည်း သဘောတူခဲ့ပါတယ်။
အဲလက်စ်ဆာ့ဘ်ကတော့ ဗင်နီဇွဲလားကို ဗုဒ္ဓဟူးနေ့ကပဲ ပြန်ရောက်လာခဲ့ပါပြီ။ ဆာ့ဘ်ဟာ ဗင်နီဇွဲလားအစိုးရ အရာရှိတွေကို လာဘ်ပေးလာဘ်ယူမှု စီမံချက်မှာ ပါဝင်ပတ်သက်နေမှုနဲ့ အမေရိကန်မှတဆင့် ဗင်နီဇွဲလားက ဒေါ်လာသန်း ၃၅၀ လောက်ကို ခိုးယူခဲ့ကြောင်း အမေရိကန် အစိုးရရှေ့နေတွေက စွပ်စွဲခဲ့တာပါ။
ဆာ့ဘ် ကတော့ အဲဒီစွဲချက်ကို ငြင်းဆိုခဲ့ပြီး အမေရိကန်မှာလည်း ပြစ်ဒဏ်ချမှတ်ခြင်း မရှိသေးပါဘူး။
သဘောတူညီချက်ရဲ့ တစိတ်တပိုင်းအနေနဲ့ တခြားအမေရိကန်နိုင်ငံသား ၄ ဦးနဲ့အတူ ဗင်နီဇွဲလားမှာ မှားယွင်းထိန်းသိမ်းခံထားရတယ်လို့ အမေရိကန်က သတ်မှတ်ထားတဲ့ အမေရိကန် ၆ ဦးလုံးကိုလည်း လွှတ်ပေးခဲ့ပါတယ်။
ဒါ့အပြင် ဗင်နီဇွဲလားဟာ အမေရိကန်ရေတပ် လာဘ်ပေးလာဘ်ယူမှုမှာ ပါဝင်ပတ်သက်နေမှုကြောင့် ထွက်ပြေးလာသူ မလေးရှား စီးပွားရေးလုပ်ငန်းရှင် လဲနာ့ဒ် ဂလင်းဖရန်စစ်ကိုလည်း အမေရိကန်ကို ပြန်ပို့ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
ဗင်နီဇွဲလားအစိုးရဟာ ၂၀၂၄ ခုနှစ်မှာ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ သဘောတူညီချက်ကို တုံ့ပြန်တဲ့အနေနဲ့ အောက်တိုဘာလမှာ ထုတ်ပြန်ခဲ့တဲ့ ကရာကာ့စ်အတွက် စွမ်းအင်ဆိုင်ရာ ပိတ်ဆို့မှုတွေ ဆက်ပြီး သက်သာရာရစေဖို့ အကျဉ်းသားတွေ လွှတ်ပေးခြင်းဆိုင်ရာ တိုးတက်မှုကို မြင်တွေ့ရဖို့ မျှော်လင့်ကြောင်း အိမ်ဖြူတော်က လတ်တလော သီတင်းပတ်တွေအတွင်းမှာ ပြောကြားထားပါတယ်။
Source/Photo-Reuters