ဖာဂူဆန်ခေတ်က မန်ယူအသင်းကို လိုက်မီဖို့အတွက် လိုအပ်ချက်ရှိနေဆဲဖြစ်ကြောင်း မန်စီးတီးနောက်ခံလူ ကိုင်ဝေါ်ကာက ပြောသွားပါတယ်။
မန်စီးတီးအသင်းဟာ မနှစ်ကရာသီမှာ တရာသီအတွင်း အဓိက ဆုဖလားသုံးလုံး ရယူနိုင်ခဲ့ပြီးနောက် တချိန်က မန်ယူအသင်းလို အောင်မြင်မှုနဲ့ ကြီးကျယ်ခမ်းနားမှုမျိုး ရပြီးလားဆိုတဲ့ မေးခွန်းအပေါ် ဝေါ်ကာက ပြန်လည်ဖြေကြားခဲ့တာပါ။
မန်ယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့လို အောင်မြင်မှုရဖို့ဆိုရင် နှစ်ပေါင်းများစွာ ကြာမြင့်တဲ့အထိ အောင်မြင်မှုကို ဆက်ထိန်းထားနိုင်ဖို့ လိုအပ်ကြောင်း၊ စီးတီးအနေနဲ့ ၆ နှစ်အတွင်းမှာ ၅ ကြိမ် ဆုဖလားရရှိထားပြီး နောက်ထပ် နှစ်အနည်းငယ်အထိ ဆက်လက် လုပ်ဆောင်ပြဖို့ လိုအပ်နေသေးကြောင်း ဝေါ်ကာက ပြောပါတယ်။
အဲဒီလို နှစ်ကြာရှည်တဲ့အထိ အောင်မြင်မှုရဖို့ စတင်တည်ဆောက်နေပြီး မျိုးဆက်သစ် ကစားသမားတွေက လက်ဆင့်ကမ်းနိုင်ဖို့လိုအပ်ကြောင်း ဝေါ်ကာက ပြောသွားပါတယ်။
Photo-Reuters