လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဂိုးသမား ဒီဂီယာကို ခေါ်ယူသင့်ကြောင်း ဂိုးသမားဟောင်း ရှေးဂစ်ဗင်းက နယူးကာဆယ်အသင်းကို တိုက်တွန်းလိုက်ပါတယ်။
နယူးကာဆယ် ပထမဂိုးသမား နစ်ပုတ်ဟာ ဒဏ်ရာကြောင့် ကာလရှည် အနားယူရမှာဖြစ်ပြီး ဒီဂီယာကို အရေးပေါ်အခြေအနေအရ ခေါ်ယူအစားထိုးသင့်ကြောင်း ဂစ်ဗင်းက ပြောပါတယ်။
ဒီဂီယာဟာ မနှစ်ကရာသီမှာ အမှားတွေရှိခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှာ ပေးဂိုးမရှိတဲ့ပွဲအများဆုံး ဂိုးသမားဖြစ်ကြောင်း၊ အသက် ၃၃ နှစ်ဟာ ဂိုးသမားတဦးအတွက် ငယ်ရွယ်သေးကြောင်း ရှေးဂစ်ဗင်းက ပြောပါတယ်။
စပိန်ဂိုးသမား ဒီဂီယာဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ မန်ယူအသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်းသစ်ရှာဖွေနေဆဲ ဖြစ်ပါတယ်။
Photo-Reuters