ဧရာဝတီတိုင်း၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ အမှတ်-၂ ရပ်ကွက် ဆေးရုံလမ်းမှာရှိတဲ့ နေအိမ်တစ်လုံးမှာ ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းက ဆိုင်ကယ် ဘက်ထရီ အားသွင်းရာက အပူလွန်ကဲပြီး မီးလောင်ခဲ့လို့ နေအိမ်တစ်လုံးနဲ့ မော်တော်ယာဉ်တစ်စီး ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မီးငြှိမ်းသတ်ရာမှာ ပါဝင်ခဲ့သူ တစ်ဦးက“မနက်အစောကြီး ၁ နာရီခွဲလောက် လောင်တာ။ ဆိုင်ကယ် ဘက်ထရီ အားသွင်းရင်း အပူလွန်ကဲပြီး လေါင်တာလို့ သိရတယ်။ လူနိုင်သွားလို့ တစ်အိမ်ပဲ လောင်တဲ့အထဲ ပါသွားတယ်။ မော်တော်ကား တစ်စီးလည်း မီးလောင်သွားတယ်” လို့ ပြောပါတယ်။
မီးလောင်ကျွမ်းခဲ့တဲ့အတွက် အလျား ၆၀ ပေ အနံ ၃၅ ပေ ရှိတဲ့ နှစ်ထပ်တိုက် တစ်လုံး Harrier မော်တော်ယာဉ်တစ်စီး မီးလောင်ပျက်စီးခဲ့ပြီး လူနဲ့ တိရစ္ဆာန်တွေကတော့ ထိခိုက်မှု မရှိခဲ့ပါဘူး။
မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး ဆိုင်ကယ် ဘက်ထရီအိုး ပေါ့ဆအားသွင်းခဲ့သူ ဦးလှဝင်းကို ကျောင်းကုန်းမြို့မရဲစခန်းက (ပ)၁၇၆/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူ ထားပါတယ်။
Photo - CJ