ဥရောပသမဂ္ဂ (အီးယူ) ဟာ သူ့ရဲ့ ပိတ်ဆို့အရေးယူမှု ၁၂ ခုမြောက်အဖြစ် ပထမဆုံးအကြိမ်အနေနဲ့ ရုရှားစိန်တွေကို တင်သွင်းခွင့် တားမြစ်ပိတ်ပင်လိုက်ပြီး ဒါဟာ အရေးကြီးတဲ့အချက်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။
အီးယူက ချမှတ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှု အသစ်တွေဟာ ယူကရိန်းအပေါ် စစ်တိုက်နေတဲ့ ရုရှားနိုင်ငံရဲ့ စီးပွားရေးအခြေခံအုတ်မြစ်ကို အမှန်တကယ် လျှော့ချပေးနိုင်လိမ့်မယ်လို့ သမ္မတ ဇလန်းစကီးက ဒီဇင်ဘာ ၁၈ ရက်က သူ့ရဲ့ ညစဉ် ဗီဒီယိုမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
ရုရှားနိုင်ငံကို နှစ်မျိုးသုံး နည်းပညာတွေနဲ့ သွင်းကုန်၊ ပို့ကုန် ထပ်တိုးပိတ်ပင်မှုတွေနဲ့ ပတ်သက်ပြီး အရေးယူမှုအသစ်တွေ ချမှတ်ဖို့ ရှိနေတယ်လို့လည်း ဆိုပါတယ်။
ဥရောပက ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ တကမ္ဘာလုံးမှာ သေချာအလုပ်ဖြစ်စေဖို့အတွက် မိတ်ဘက်တွေနဲ့ ဆက်ပြီး လုပ်ဆောင်သွားမှာပါလို့လည်း ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောသွားပါတယ်။
Source/Photo-Reuters