အခုနှစ် ပရီးမီးယားလိဂ်ချန်ပီယံဆုကို အာဆင်နယ်အသင်းမရရှိနိုင်ဘဲ မန်စီးတီးနဲ့ လီဗာပူးအသင်း တွေသာ ယှဉ်ပြိုင်ရလိမ့်မယ်လို့ နည်းပြမော်ရင်ညိုက သုံးသပ်သွားပါတယ်။
ချဲလ်ဆီးကွင်းလယ်လူဟောင်း အိုဘီမီခေးလ်ရဲ့ ပေါ့ကတ်စ်အစီအစဉ်မှာ ပရီးမီးယားလိဂ်ချန်ပီယံ ဘယ်အသင်းဖြစ်မလဲဆိုတဲ့ မီးခေးလ်ရဲ့မေးခွန်းအပေါ် မော်ရင်ညိုက ပြန်လည်ဖြေကြားခဲ့တာပါ။
မော်ရင်ညိုဟာ ခေတ္တခဏ စဉ်းစားအပြီးမှာ မန်စီးတီးချန်ပီယံဖြစ်ဖို့ ၅၁ ရာခိုင်နှုန်းရှိပြီး လီဗာပူးက ၄၉ ရာခိုင်နူန်းရှိကြောင်း ပြန်လည်ဖြေကြားခဲ့တာပါ။
အာဆင်နယ်မဖြစ်နိုင်ဘူးလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ “No Arsenal” လို့ မော်ရင်ညိုက ပြန်လည် ဖြေကြားခဲ့တာပါ။
ပြိုင်ဘက်အသင်းတစ်သင်းအနေနဲ့ မဟုတ်ခဲ့ရင်တော့ အာဆင်နယ်ကို ချန်ပီယံဖြစ်စေချင်ပြီး အဲဒီလို လုပ်ဆောင်နိုင်ခဲ့ရင် ပျော်ရွှင်ရမှာဖြစ်ကြောင်း မော်ရင်ညိုက ပြောပါတယ်။
မော်ရင်ညိုဟာ အာဆင်နယ်ရဲ့ မြို့ခံလန်ဒန်ဒါဘီပြိုင်ဘက်တွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ စပါး အသင်းတွေမှာ နည်းပြတာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
Photo - Reuters