မန်ယူအသင်းဘောလုံးဒါရိုက်တာ ဂျွန်မာတော့ချ်ဟာ အသင်းရှိ စီနီယာကစားသမားလေးဦးကို ရောင်းချနိုင်ဖို့အတွက် ဆော်ဒီကလပ်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။
ဂျွန်မာတော့ချ်ဟာ အခုလအစောပိုင်းကတည်းက ဆော်ဒီနိုင်ငံဆီရောက်ရှိနေတာဖြစ်ပြီး ဆော်ဒီကလပ်တွေနဲ့ အပြောင်းအရွှေ့ကိစ္စတွေ ကြိုတင်ဆွေးနွေးခဲ့ကြောင်း ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။
ဘောလုံးဒါရိုက်တာဟာ အသင်းရှိ စီနီယာကစားသမားတွေဖြစ်တဲ့ ဆန်ချို၊ ဗာရန်း၊ မာစီယယ်၊ ကတ်စမီရိုတို့ကို ရောင်းချဖို့အတွက် ဆော်ဒီကလပ်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
သဘောတူညီချက် တစ်စုံတစ်ရာမရရှိ သေးပေမဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရရှိခဲ့ပြီး အပြောင်းအရွှေ့ ဖွင့်လှစ်ချိန်မှာ ထပ်မံဆွေးနွေးသွားဖို့ရှိပါတယ်။
ဆန်ချိုကို ရောင်းထုတ်ဖို့က နံပါတ်တစ်ဦးစားပေးဖြစ်ပြီး တခြားကစားသမား သုံးဦးကိုတော့ အတင်းအကျပ် ရောင်းချဖို့ စီစဉ်သွားမှာမဟုတ်ဘူးလို့ သိရပါတယ်။
Photo - Reuters