စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က စစ်ကောင်စီအထိုင်စခန်းဖြစ်တဲ့ ထွေအုပ်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်က ဒီဇင်ဘာ ၁၈ ရက် ဒီနေ့ခင်း ၁၁ နာရီခွဲမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေထံက သိရပါတယ်။
ယင်းမာပင် မြို့ပြပြောက်ကျား ဟိန္နကတပ်ဖွဲ့ တာဝန်ရှိသူ ရဲဘော်ကိုကင်းက “ဦးနှောက်ရွာ၊ ကြောင်သန်းရွာဘက်ကို စစ်ကြောင်းထိုး ပြည်သူအနိုင်ကျင့်တာတွေ စစ်ကောင်စီက လုပ်နေလို့ ကျနော်တို့က စစ်ကောင်စီ နောက်တန်းစခန်းကို အခုလို ပစ်ခတ်တာပါဗျ။ ကျနော်တို့ပစ်တာက ပုလဲမြို့ပေါ်က ထွေအုပ်ရုံးကိုပစ်တာ။ လက်နက်ကြီးတွေကတော့ ရုံးပေါ်ကို တည့်တည့်ကျတာတွေ ရှိတယ်”လို့ ပြောပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက် အသေအပျောက်ရှိမရှိ စုံစမ်းနေဆဲဖြစ်ပြီး PDF တွေ ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူးလို့ လည်းပြောပါတယ်။
အခုတိုက်ပွဲမှာ ဟိန္နကတပ်ခွဲ တော်လှန်ပြောက်ကျားအဖွဲ့၊ ဗိုလ် SKYအဖွဲ့၊ တိုက်နယ် ၇၊ ဗိုလ်ယောင်းမနဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။