ဥရောပချန်ပီယံလိဂ်ရှုံးထွက်အဆင့် မဲခွဲပွဲကို မနေ့ညက ကျင်းပခဲ့ရာမှာ လက်ရှိချန်ပီယံ မန်စီးတီးက ကိုပေဟေဂင်၊ အာဆင်နယ်က ပေါ်တိုအသင်းတို့နဲ့ တွေ့ဆုံပါတယ်။
အင်္ဂလန်ကလပ် နှစ်သင်းဟာ အုပ်စုပထမနေရာရခဲ့တာကြောင့် ဦးစားပေးအသင်း ၈ သင်းထဲ ပါဝင်ခဲ့ပြီး အုပ်စုဒုတိယရခဲ့တဲ့ အသင်းကြီးတွေကို ရှောင်လွဲနိုင်ခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒိန်းမတ်ကလပ် ကိုပေဟေဂင်နဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ အဝေးကွင်းပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒုတိယအကျော့ကို မတ်လ ၆ ရက်မှာ ယှဉ်ပြိုင်သွားရမှာပါ။
အာဆင်နယ်ကလည်း ပေါ်တူဂီကလပ် ပေါ်တိုအသင်းနဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ အဝေးကွင်း ပွဲစတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး မတ်လ ၆ ရက်မှာ အိမ်ကွင်းပွဲ ယှဉ်ပြိုင်သွားရမှာပါ။
တခြား အသင်းတွေထဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ လိုက်ပ်ဇစ်၊ ဘိုင်ယန်မြူးနစ်နဲ့ လာဇီယို၊ ပီအက်စ်ဂျီနဲ့ ဆိုစီဒက်တို့ တွေ့ဆုံပါတယ်။
အက်သလက်တီကိုက အင်တာမီလန်၊ ဒေါ့မွန်က ပီအက်စ်ဗွီ၊ ဘာစီလိုနာက နာပိုလီအသင်းတွေနဲ့ အသီးသီးတွေ့ဆုံ ခဲ့ပါတယ်။
Photo - Reuters