မက္ကဆီကိုနိုင်ငံမှာ ဒီဇင်ဘာ ၁၇ ရက်က ပါတီပွဲတခုအတွင်း အသေခံဗုံးခွဲတိုက်ခိုက်ခဲ့လို့ လူ ၁၂ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသတွင်းမီဒီယာတွေက ထုတ်ပြန်ပါတယ်။
ဆယ်လ်ဗာ တီအာရာမြို့နယ်မှာ ခရစ္စမတ်ပွဲတော်မတိုင်မီကျင်းပတဲ့ မက္ကဆီကန်ရိုးရာပါတီ ဖြစ်တဲ့ ပိုစာဒါပွဲကို တက်ရောက်လာတဲ့လူတွေကို လက်နက်ကိုင်အဖွဲ့တဖွဲ့က အရုဏ်ဦး အချိန်မှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ် အသေးစိတ်အချက်အလက်တွေကို မပြောဘဲ လူ ၁၂ ဦး သေဆုံးခဲ့တယ်လို့ ပြည်နယ်ရှေ့နေချုပ်ရုံးက X လူမှုကွန်ရက် မီဒီယာကနေ ပြောပါတယ်။
မော်တော်ကားနဲ့ လေယာဉ်ပျံတွေ ထုတ်လုပ်တဲ့ စက်ရုံတွေ အများအပြားတည်ရှိရာ ဂွါနာဟာတိုဟာ မကြာသေးမီနှစ်တွေအတွင်း မက္ကဆီကိုနိုင်ငံထဲက အင်အားကြီး မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းရောင်းဝယ်ရေး အဖွဲ့တွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှု အကြမ်းဆုံး ပြည်နယ်တခု ဖြစ်လာခဲ့ပါတယ်။
Source/Photo-Reuters