Home
မြန်မာသတင်း
မဏိပူရဘက်ကို ထွက်ပြေးလာသည့် မြန်မာဒုက္ခသည် ၆၀၀၀ ခန့် ရှိလာ
DVB
·
December 18, 2023
mani 18122023

တိုက်ပွဲတွေကြောင့် မြန်မာဘက်ကနေ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံလာတဲ့ စစ် ဘေးဒုက္ခသည် ၆,၀၀၀ နီးပါး အထိရှိလာပြီး နောက်ထပ်လည်း ထပ်မံပြီးတော့ ရောက်လာနိုင်ဖွယ်ရှိနေတယ်လို့ မဏိပူရပြည်နယ် ၀န်ကြီးချုပ်က ပြောတဲ့ အကြောင်း အိန္ဒိယ သတင်းမှာ ဖော်ပြပါတယ်။

ပြည်နယ် ၀န်ကြီးချုပ် အန်ဘီရန်ဆင်းက “မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကြောင့် မဏိပူရပြည်နယ်ထဲကို လူပေါင်း ၆,၀၀၀ ဝန်း ကျင်လောက် ရောက်လာတယ်။ လတ်တလောမှာတော့ သူတို့ကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေအနေနဲ့ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ ပေးထားပါတယ်။ နောက်ထပ်လည်း လူတွေ ထပ်ရောက်လာဖို့ရှိနေနိုင်တယ်”လို့ ပြောပါတယ်။

လူသားချင်းစာနာမှုအရ စစ်ဘေးရှောင်ဒုက္ခသည်တွေကို အမိုးအကာ၊ နေရာထိုင်ခင်းပေးဖို့ ငြင်းပယ်မရနိုင်ပေမဲ့ နိုင်ငံခြားသားတွေ ပြည်နယ်တွင်း ခိုးဝင်ပြီး တရားမဝင် ကျေးရွာတွေ ထူထောင်ခွင့်ကိုတော့ မပြုနိုင်ဘူးလို့ မစ္စတာဆင်းက ပြောပါတယ်။

ဒါ့အပြင် လုံခြုံရေး အစီအမံတွေအနေနဲ့ အလားတူ စစ်ဘေးဒုက္ခသည်တွေကို ဇီဝအ ထောက်အထားအချက်အလက်တွေ မှတ်တမ်းကောက်ယူဖို့လည်းသူက တိုက်တွန်းထားပါတယ်။

မဏိပူရပြည်နယ်ဟာ မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၄၀၀ နီးပါး ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံပိုင် ပြည်နယ်တခု ဖြစ်ပါတယ်။

Source: NDTV

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024