ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ကြားကာလမှာ ဆိုးရွားမှုနဲ့ ခြိမ်းခြောက်မှုတွေအဖြစ် ပုံမဖော်သင့်ဘူးလို့ လျှပ်စစ်ကားထုတ်လုပ်တဲ့ တက်စ်လာကုမ္ပဏီကို တည်ထောင်သူ အီလွန်မတ်စ်ခ်က ဒီဇင်ဘာ ၁၆ ရက်မှာ ပြောလိုက်ပါတယ်။
အဆိုးရွားဆုံး ရာသီဥတု ပြောင်းလဲမှုကို ရှောင်ဖို့ ကမ္ဘာလုံးဆိုင်ရာ ရုပ်ကြွင်းလောင်စာ သုံးစွဲမှုကို လျှော့ချဖို့ COP28 ရာသီဥတု ထိပ်သီးအစည်းအဝေးမှာ နိုင်ငံပေါင်း ၂၀၀ နီးပါးက ကိုယ်စားလှယ် တွေ အခုသီတင်းပတ်အစောပိုင်းမှာ သဘောတူ ခဲ့ကြပါတယ်။
ရေနံခေတ်ရဲ့ နောက်ဆုံးအချိန်ကို နိဂုံးချုပ်အောင်လုပ်ဖို့ အချက်ပြခဲ့ပါတယ်။ ရာသီဥတု ပြောင်းလဲမှု သတိပေးချက်ဟာ ရေတိုအတွင်း ချဲ့ကားတာပါလို့ အမေရိကန် ဘီလီယံနာ အီလွန်မတ်စ်ခ်က ပြောပါတယ်။
Source/Photo - Reuters