Home
နိုင်ငံတကာ
အိန္ဒိယစက်ရုံ တရုံတွင် ပေါက်ကွဲမှုဖြစ်ပြီး အလုပ်သမား ၉ ဦးထက်မနည်းသေဆုံး 
DVB
·
December 18, 2023
india world 18122023

အိန္ဒိယနိုင်ငံ၊ မဟာရပ်ရှ်ထရာပြည်နယ်၊ နာ့ဂ်ပူရ်မြို့ရှိ  ဖောက်ခွဲရေး ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတရုံမှာ ဒီဇင်ဘာ ၁၇ ရက် တနင်္ဂနွေနေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် အလုပ်သမား ၉ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားပါတယ်။

အိန္ဒိယဆိုလာစက်မှုလုပ်ငန်းက လည်ပတ်လုပ်ကိုင်နေတဲ့ စက်ရုံရဲ့ ပစ္စည်းထုပ်ပိုးတဲ့နေရာမှာ ဒေသစံတော်ချိန် မနက် ၈ နာရီခွဲဝန်းကျင်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

သူတို့ရဲ့ ဆွေမျိုးသားချင်း မိတ်ဆွေတွေ အလုပ်လုပ်နေချိန်အတွင်း ပေါက်ကွဲမှုဖြစ်တာကြောင့် ရွာသားတွေဟာ အလုပ်သမားတွေ ဘယ်နေရာတွေ ရောက်နေကြတယ် ဆိုတာကို သတင်းမေးမြန်း စုံစမ်းခဲ့ကြပါတယ်။

ဒဏ်ရာရသူတွေကို နီးစပ်ရာဆေးရုံတွေဆီ လွှဲပြောင်းပေးထားကြောင်း ရဲအရာရှိတွေက ပြောကြားပြီး အသေအပျောက် အရေအတွက် တိုးလာနိုင်ကြောင်းလည်း ဆိုပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ကုမ္ပဏီဝက်ဘ်ဆိုက်ရှိ ဆက်သွယ်ရန်နံပါတ်ကို ဖုန်းခေါ်ဆိုမှုတွေကို ဖြေကြားခြင်းမရှိခဲ့ဘဲ ကုမ္ပဏီကို ပေးပို့ထားတဲ့ အီးမေးလ်ကိုလည်း ချက်ချင်းတုံ့ပြန်မှုမရရှိခဲ့ပါဘူး။

ဆိုလာ စက်မှုလုပ်ငန်း ၀က်ဘ်ဆိုက်အရ အဲဒီစက်ရုံမှာ အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ရေးကဏ္ဍအတွက် စက်မှုနဲ့ စစ်ဘက်ဆိုင်ရာ ဖောက်ခွဲရေးပစ္စည်းတွေအပြင် ပန်ကာတွေနဲ့ ထိပ်ဖူးတွေကို ထုတ်လုပ်နေကြောင်း ဖော်ပြထားပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024