တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် စံယာအပန်းဖြေမြို့မှာ ဒီဇင်ဘာ ၁၆ ရက်က ဖွင့်လှစ် လိုက်တဲ့ ပဉ္စမအကြိမ်မြောက် ဟိုင်နန်ကျွန်း နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ နိုင်ငံပေါင်း ၁၀၉ နိုင်ငံမှ ရုပ်ရှင်ဇာတ်ကားပေါင်း ၄၀၁၈ ကား ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
အခုနှစ် ရွှေအုန်းသီးဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ ဇာတ်ကားပေါင်း ၂၄ ကား ရှိပြီး ဒိတ်ဒိတ်ကြဲ နိုင်ငံတကာ ဂျူရီ ၁၃ ဦးက ဇာတ်ညွှန်းရုပ်ရှင်တွေ၊ မှတ်တမ်းရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတိုတွေထဲက လက်ရာကောင်းတွေကို ရွေးချယ်ပေးမှာဖြစ်ပါတယ်။
နာမည်ကျော် တူရကီဒါရိုက်တာ ငူရီဘီလ်ဂေးဂျေးလန်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့် ဂျူရီအဖွဲ့မှာ ဒါ့ဖုန်း လို့ လူသိများတဲ့ တရုတ်ဒါရိုက်တာနဲ့ သရုပ်ဆောင် ဒုံချန်းပေါင်၊ အီရန်ဒါရိုက်တာ ရှာရမ်မော့ခရီ တို့ အပါအဝင် ပြည်တွင်းပြည်ပ ရုပ်ရှင်နယ်ပယ်မှ ပုဂ္ဂိုလ် ၁၃ ဦးတို့ ပါဝင်ပါတယ်။
ဒီပွဲတော်ကို တရုတ်မီဒီယာအုပ်စု (CMG) နဲ့ ဟိုင်နန်ပြည်နယ် အစိုးရတို့က စီစဉ်ကျင်းပတာပါ။ ဇာတ်ကားပြိုင်ပွဲတွေအပြင် မတူညီတဲ့ နေရာအသီးသီးမှာ မာစတာသင်တန်းတွေ၊ ဖိုရမ်တွေနဲ့ ရုပ်ရှင်ပြပွဲတွေလည်း စီစဉ်ထားတာဖြစ်ပါတယ်။
Source/Photo - Reuters