လာလီဂါကလပ် ဆီဗီလာအသင်းဟာ ဒီဇင်ဘာ ၁၆ ရက်က ဂီတာဖေးအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီးတဲ့နောက် နည်းပြ ဒီယေဂိုအလွန်ဆိုကို ထုတ်ပယ်လိုက်တယ်လို့ လာလီဂါအသင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အလွန်ဆိုဟာ မနှစ်က ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ ဥရုဂွေး လက်ရွေးစင်အသင်းက လှည့်ပြန်ခဲ့ရပြီးနောက် ရာထူးကနေ နုတ်ထွက်ခဲ့တာပါ။
ဆီဗီလာအသင်းဟာ လာလီဂါအမှတ်ပေးဇယားအဆင့် ၁၆ နေရာမှာ ရပ်တည်နေပြီး သူဟာ ဆီဗီလာအသင်းရဲ့ နည်းပြ မန်ဒီလီဘာရဲ့ နေရာမှာ အောက်တိုဘာလက အစားထိုး ခန့်အပ်ခံရပြီးနောက် ၂ ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။
Photo - Reuters