ဂျပန်နဲ့ ဖိလစ်ပိုင်တို့ဟာ အပြန်အလှန် ဆွေးနွေးပွဲအတွင်း ၂ နိုင်ငံစလုံးက ကမ်းရိုးတန်းအစောင့် တပ်တွေကြား ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာကို ဖလှယ်ရင်း သူတို့ရဲ့ ရေကြောင်းဆိုင်ရာ ဆက်ဆံရေးကို ဒီဇင်ဘာ ၁၇ ရက်က တိုးမြှင့်လိုက်ပါတယ်။
ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနဲ့ တွေ့ချိန်မှာ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ပြောပါတယ်။
ဂျပန်နဲ့ နောက်ထပ်သဘောတူညီချက်တွေဟာ တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာမှာ ဖိလစ်ပိုင်နိုင်ငံကို အထောက်အကူဖြစ်စေမယ်လို့ ပြောပါတယ်။
ဒေသတွင်း တင်းမာမှုတွေ ကြီးထွားလာနေတဲ့ကြားက ဖိလစ်ပိုင်နဲ့ ဂျပန်တို့ဟာ နှစ်ဖက်မြေပြင်မှာ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့တွေ ဖြန့်ကြက်ခွင့်ပြုမယ့် အပြန်အလှန် လက်လှမ်းမီရေး သဘောတူညီချက်ကို စတင်ဆွေးနွေးနေပါပြီ။
တရုတ်နဲ့ ဂျပန်တို့ဟာ တရုတ်လို ဒိုင်းအိုးယုလို့ ခေါ်ပြး ဂျပန်လို ဆဲင်းခပ်ကုလို့ ခေါ်တဲ့ကျွန်းတွေ ပိုင်ဆိုင်ခွင့်နဲ့ အပါအဝင် ရေပိုင်နက် အငြင်းပွားမှုတွေ ရှိနေပါတယ်။
တနင်္ဂနွေနေ့က ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါဟာ တိုကျိုမြို့တော်မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးအပြီး ထိုင်းဝန်ကြီးချုပ် ဆေ့ထှာ ထဝိဆင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
Source/Photo - Reuters