ကိုရီးယားကျွန်းဆွယ်ကို အအေးလှိုင်း ဖြတ်သန်းနေတာမို့ တောင်ကိုရီးယားနိုင်ငံရဲ့ အစိတ်အပိုင်းတွေမှာ ဒီဇင်ဘာ ၁၆ ရက်က နှင်းတွေ ပိုကျနေပြီး အာဏာပိုင်တွေကတော့ ရာသီဥတု သတိပေးချက် ထုတ်ပြန်ထားပါတယ်။
အပူချိန်က နောက်ထပ်ကျဆင်း ဦးမယ်လို့ မျှော်လင့်ထားပြီး ဒီဇင်ဘာ ၁၇ ရက်မှာ နှင်းတွေ ပိုကျဖို့ မျှော်လင့်ထားပါတယ်။
စနေည ၇ နာရီအထိ၊ တောင်ဂျေအိုယာပြည်နယ် အနောက်တောင်ပိုင်းက ဂွမ်ဂျူးနဲ့ ဂျောင်ဆောင်မြို့နယ်တို့မှာ နှင်းထုက ၇ ဒသမ ၉၄ နဲ့ ၄ ဒသမ ၅၄ စင်တီမီတာ အသီးသီး ကျဆင်းခဲ့ပါတယ်။
တနင်္ဂနွေနေ့မှာ နှင်းထု ၁၅ စင်တီမီတာထက် ပိုကျနိုင်တယ်လို့ ကိုရီးယား မိုးလေဝသ အာဏာပိုင်အဖွဲ့ KMA က ခန့်မှန်းထားပါတယ်။
မြောက်ဂျေအိုယာပြည်နယ်မှာတော့ တနင်္ဂနွေနေ့မှာ နှင်းထု စင်တီမီတာ ၂၀ ကျော် ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဆိုးလ်မြို့တော် အနောက်ဘက်၊ အင်ချွန်းနဲ့ တောင်ပိုင်း ဂျဲဂျုကျွန်းတို့မှာ ဆီးနှင်းတွေ ၃ စင်တီမီတာအထိ ကျဆင်းနိုင်တယ်လို့ မိုးလေဝသအေဂျင်စီကြ ခန့်မှန်းပါတယ်။
ဆိုးလ်မြို့တော်၊ ဘူဆန်၊ ဒယ်ဂျုံနဲ့ ဒယ်ဂူး အပါအဝင် ဒေသတွေမှာ အအေးလှိုင်း အကြံပြုချက်က စနေ ည ၉ နာရီမှာ စတင် အသက်ဝင်ခဲ့ပါတယ်။
Source/Photo - Reuters