ကူဝိတ်အိမ်ရှေ့မင်းသား ရှိတ်ခ်မယ်ရှယ် အယ်လ်အာမဒ် အယ်လ်ဆာဘာဟာ ကွယ်လွန်သူ ရှိတ်ခ်နာဝပ်ဖ် အယ်လ်အာမဒ်အယ်လ်ဆာဘာရဲ့ နေရာကို ဆက်ခံပြီး ကူဝိတ်စော်ဘွား ဖြစ်လာပါတယ်။
အသက် ၈၆ နှစ်အရွယ် စော်ဘွား ရှိတ်ခ်နာဝပ်ဖ်ဟာ ဒီဇင်ဘာ ၁၆ ရက်က ကွယ်လွန်သွားတာဖြစ်ပြီး သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ အာဏာပိုင်တွေက ထုတ်ပြန် ကြေညာခြင်း မရှိပါဘူး။ ဒါပေမဲ့ သူဟာ ပြီးခဲ့တဲ့လကုန်ပိုင်းက နှလုံးရောဂါနဲ့ အရေးပေါ် ဆေးရုံတက်ရောက် ဆေးကုသမှုခံခဲ့ရပါတယ်။
ရှိတ်ခ်နာဝပ်ဖ် ကွယ်လွန်သွားအတွက် ကူဝိတ်မှာ ရက်ပေါင်း ၄၀ ကြာ ဝမ်းနည်းကြေကွဲ ကြောင်းကာလ ကြေညာပြီး အစိုရရုံးဌာနဆိုင်ရာတွေကိုလည်း သုံးရက်ကြာ ပိတ်ထားပါတယ်။
ရှိတ်ခ်နာဝပ်ဖ် ကျန်းမာရေးမကောင်းတဲ့အတွက် အခု စော်ဘွားသစ်ဖြစ်လာတဲ့ အသက် ၈၃ နှစ်အရွယ် အိမ်ရှေ့မင်းသား ရှိတ်ခ်မယ်ရှယ်ဟာ ၂၀၂၁ ခုနှစ်လောက်ကတည်းက ကူဝိတ်နိုင်ငံရဲ့ အဓိကကျတဲ့ တာဝန်တွေကို စတင်တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။
ကူဝိတ်နိုင်ငံရဲ့ ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေအရ စော်ဘွားကွယ်လွန်သွာတဲ့အခါ အိမ်ရှေ့မင်းသားက အလိုအလျောက် စော်ဘွားဖြစ်လာတာဖြစ်ပြီး ပါလီမန်လွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့အခါ ရာထူးအာဏာကို စတင်တာဝန်ယူကျင့်သုံးနိုင်တာ ဖြစ်ပါတယ်။
Source/Photo - Reuters