ပါလက်စတိုင်းလူထုအပေါ် အထူးသဖြင့် ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ အမေရိကန်က ကြားဝင်ဆောင်ရွက်ပေးရမယ်လို့ ပါလက်စတိုင်းသမ္မတ မာမွဒ် အာ့ဘာ့စ် က အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်ကို ပြောကြားခဲ့ကြောင်း WAFA သတင်းဌာနက ထုတ်လွှင့်ပါတယ်။
သိမ်းပိုက်ထားတဲ့ ဂျေရုဆလင်အပါအဝင် အနောက်ဘက်ကမ်းရှိ ပြည်သူတွေအပေါ် အစ္စရေးရဲ့ ရန်လိုမှုတွေကို ရပ်တန့်ပေးဖို့ အမေရိကန်က ကြားဝင်ဆောင်ရွက်ပေးရမယ်လို့ အာ့ဘာ့စ်က ရာမာလာမှာ ဆူလီဗန်နဲ့ တွေ့ဆုံချိန်အတွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
ပါလက်စတိုင်းတွေကို အလုံးစုံသိမ်းကြုံး ဗုံးကြဲတိုက်ခိုက်တာနဲ့ မြေပြင်စစ်ဆင်ရေးတွေ လုပ်ဆောင်နေတာထက် ဟားမတ်စ် ခေါင်းဆောင်တွေကိုသာ အတိအကျ ပစ်မှတ်ထားပြီး ဂါဇာက စစ်ပွဲကို အာရုံစိုက်ဖို့ အစ္စရေးကို အမေရိကန် အစိုးရက တွန်းအားပေးနေတယ်လို့ သောကြာနေ့အစောပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆူလီဗန်က ပြောကြားခဲ့ပါတယ်။
အစ္စရေးဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းမှာ ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့ ဂါဇာထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိအချိန်ထိ ပါလက်စတိုင်း ၁၉၀၀၀ နီးပါး သေဆုံးထားပါတယ်။
Source/Photo - Reuters