ကိုရီးယား လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန် (KADIZ) ထဲကို တရုတ်စစ်လေယာဉ် ၂ စင်းနဲ့ ရုရှားစစ်လေယာဉ် ၄ စင်း ဝင်ရောက်လာမှုကို တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုးရီးယား စစ်တပ်က သူ့ရဲ့တိုက်လေယာဉ်တွေကို စေလွှတ်ခဲ့ကြောင်း ဒီဇင်ဘာ ၁၄ ရက်မှာ ပြောပါတယ်။
KADIZ အတွင်းကို ကျူးကျော်ဝင်ရောက်ခဲ့ပေမဲ့လည်း လေယာဉ်တွေဟာ တောင်ကိုရီးယားရဲ့ ပိုင်ဆိုင်တဲ့ လေပိုင်နက်ကို ချိုးဖောက်ခဲ့ခြင်းမရှိကြောင်း စစ်တပ်က ပြောပါတယ်။
တရုတ်နဲ့ ရုရှား ဗုံးကြဲလေယာဉ်တွေနဲ့ တိုက်လေယာဉ်တွေရဲ့ ပူးတွဲပျံသန်းမှုကို စောင့်ကြည့်ဖို့ ဂျပန် ဂျက်လေယာဉ်တွေကလည်း အရေးပေါ် ပျံတက်သွားခဲ့ပါတယ်။
လေကြောင်းရန်ကာကွယ်ရေး သတ်မှတ်ဇုန်ဟာ နိုင်ငံတနိုင်ငံရဲ့ လေပိုင်နက်နဲ့ မတူဘဲ နိုင်ငံတွေက နိုင်ငံခြားလေယာဉ်တွေက သူတို့ ဘယ်နိုင်ငံက ဆိုတာကို ခွဲခြားသိရှိအောင် အထူးလုပ်ဆောင်ဖို့ တဖက်သတ် တောင်းဆိုနိုင်တဲ့ နယ်မြေဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့မှ သိရပါတယ်။
အများအားဖြင့်တော့ ကမ်းရိုးတန်းမှ ရေမိုင် ၁၂ မိုင်အကွာရှိ ပိုင်နက်ရဲ့အထက် အာကာသဧရိယာကို ဆိုလိုကြောင်း သိရပါတယ်။
Source/Photo - Reuters