ဥရောပသမဂ္ဂခေါင်းဆောင်တွေဟာ ယူကရိန်းနိုင်ငံရဲ့ အဖွဲ့ဝင်ဖြစ်ရေးဆွေးနွေးမှုတွေ စတင်ဖို့ သဘောတူခဲ့ကြတယ်လို့ ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌက ဒီဇင်ဘာ ၁၄ ရက်က ဘရပ်ဆဲလ်မှာ ၂ ရက်ကြာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာ ပြောပါတယ်။
ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က အဲဒီဆုံးဖြတ်ချက်ကို တစိုက်မတ်မတ် ကန့်ကွက်ခဲ့ပေမယ့် ဗီတိုအာဏာကို မသုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
တခြားအဖွဲ့ဝင်နိုင်ငံတွေကိုလည်း မဲမပေးဖို့ ပိတ်ပင်ခွင့် ရှိပေမဲ့ အဲဒီလို မတားမြစ်ခဲ့ပဲ မဲပေးမှုကို မတားမြစ်ခဲ့ပါဘူး။ သူကတော့ မဲ မပေးနေခဲ့ပါတယ်။
X လူမှုမီဒီယာမှာတော့ “ဥရောပကောင်စီဟာ ယူကရိန်းနဲ့ မော်လ်ဒိုဗာတို့ ဝင်ရောက်ခွင့်နဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြောင်းနဲ့ အီးယူကောင်စီဟာ ဂျော်ဂျီယာကိုယ်စားလှယ်လောင်းအဆင့်ကို ပေးအပ်ခဲ့ကြောင်း” ပို့စ်တင်ထားပါတယ်။
အီးယူဟာ ဘော့စနီးယားနဲ့ ဟာဇီဂိုဗီးနားတို့ကိုလည်း အဖွဲ့ဝင်ဖြစ်မှု သတ်မှတ်ချက်စံနှုန်းတွေနဲ့ အညီ လိုအပ်တဲ့ အတိုင်းအတာတခုထိ ပြည့်မီမှုရှိတာနဲ့အမျှ ညှိနှိုင်းမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး အဲဒီလို ဆုံးဖြတ်ချက်ချဖို့ ရည်ရွယ်ချက်နဲ့ မတ်လမှာ ကော်မရှင်ကို ဖိတ်ကြားအစီရင်ခံသွားမှာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလန်စကီးကတော့ ယူကရိန်းအတွက် အောင်ပွဲတခုအဖြစ် မှတ်ယူ ချီးကျူးခဲ့ပြီး အီးယူကော်မရှင်အကြီးအကဲ အာဆူလာ ဖွှန်ဒရ်လေယန်က ဒါဟာ အီးယူသမဂ္ဂ သမိုင်းမှာ မှတ်သားထားရမယ့် မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်အဖြစ် ဖော်ပြခဲ့ပါတယ်။
Source/Photo - Reuters